199 သတင်းအရ လောင်းကစားပြုလုပ်သူများကို ဖမ်းဆီးရမိ


ရန်ကုန်၊ သြဂုတ် ၂၀

၁၁.၇.၂၀၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် 
ဖွင့်လှစ်ထားရှိသည့် ဖုန်းသတင်း လက်ခံဌာန၊ 199 Call Centerသို့ 
လှိုင်မြို့နယ်၊ အုတ်ကျင်းဈေး၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းပေး
ပို့လာသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် ပိတောက်
ချောင်း နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သတင်းစုံစမ်း
အတည်ပြုခဲ့ပါသည်။

စုံစမ်းအတည်ပြုချက်အရ အဆိုပါဈေးတွင် ချစ်စိုးနှင့် ဒေါ်မေယုတို့မှာ
နှစ်လုံးထီလောင်းကစားပြု လုပ်ကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိရေး
ဆောင်ရွက်ခဲ့ရာ ၁၆.၈.၂၀၁၆ ရက်နေ့ ၁၁၁၀ အချိန်တွင် ယင်းဈေး၏ 
ကုန်စိမ်းဈေးတန်း၌ ချစ်စိုးအားနှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသည့် 
စာရွက်စာတမ်းပစ္စည်းများ၊ လောင်းကြေးငွေကျပ် ၄၆၅၀၀တို့နှင့်လည်းကောင်း၊ 
၁၁၁၅ အချိန်တွင် ယင်းဈေးရှိကုန်စုံဆိုင်၌ ဒေါ်မေယုအား နှစ်လုံးထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်းပစ္စည်း များ၊ လောင်းကြေးငွေကျပ် 
၁၅၄၀၀၀ တို့နှင့်လည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့အားလှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေရဲစခန်းတွင် အမှုများ
အသီးသီးရေးဖွင့်ကာ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း 
သတင်းရရှိပါသည်။

Ref: Yangon Police
Powered by Blogger.