ဟားခါးမြို့နယ် သီနမ်ကျေးရွာ၌ မြေပြိုမှုကြောင့် လူတစ်ဦးသေဆုံး


****************************************
ဟားခါးမြို့ အရှေ့တောင်ဘက်၊ ဟားခါး -ဂန့်ဂေါ လမ်းပေါ်က သီနမ်ကျေးရွာမှာ သြဂုတ်(၁)ရက် ည(၁၁)နာရီခွဲက မြေပြိုမှုကြောင့် နေအိမ်တစ်လုံးပြိုကျခဲ့ပြီး အဲဒီအိမ်ရဲ့ အောက်ထပ်မှာ အိပ်နေတဲ့ အမျိုးသမီးတစ်ဦး အိမ်ပိပြီး သေဆုံးခဲ့တယ်
လို့ သိရပါတယ်။ သေဆုံးသူဟာ အသက်(၇၀)အရွယ် ဒေါ်ဆန်လျန် ဆိုသူဖြစ်ပြီး အဲဒီမြေပြိုကျမှုဟာ သြဂုတ်(၁)ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်
တယ်လို့ သိရပါတယ်။ အဲဒီမြေပြိုမှုကြောင့် ကားလမ်းတွေ ပိတ်ဆို့သွားပြီး ယာဉ်
သွားလာမှုတွေလည်း ပြတ်တောက်ခဲ့ရတယ်လို့ သိရပါတယ်။ ပြိုကျခဲ့တဲ့ နေအိမ်
ရဲ့ မိသားစုဝင်(၄)ဦးကိုတော့ သူတို့နဲ့ဆွေမျိုးတော်စပ်တဲ့ နေအိမ်တစ်အိမ်ကို ရွာသူရွာသားတွေက ၀ိုင်းဝန်းရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြိုကျခဲ့တဲ့ အိမ်အနီးက နေအိမ်(၃)လုံးကိုလည်း အန္တရာယ်ရှိနေတဲ့အတွက် သူတို့နဲ့နီးစပ်ရာ ဆွေမျိုးတွေ နေအိမ်ကို ပြောင်းရွှေ့ နေထိုင်စေခဲ့တယ်လို့ သိရပါတယ်။

CNB
Powered by Blogger.