သြစတြေးလျကိုအနိုင်ယူပြီး ထိုင်းအမျိုးသမီးအသင်း ဗိုလ်လုပွဲတက်
****************************************
အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပ ထမပွဲစဉ်မှာ ထိုင်းအသင်းက သြစတြေးလျအသင်းကို ၂ဂိုး၁ဂိုးနဲ့အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့ပါတယ်။
သြစတြေးလျယူ၂၀အသင်းဟာ ပွဲချိန်အစောပိုင်းတွေမှာ ထိုင်းအသင်းကိုဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန်၁၁မိနစ် မှာပဲဦးဆောင်ဂိုးရခဲ့ပါတယ်။ဒီဂိုးကို အသင်းခေါင်းဆောင် ဂရေ့စ်မာရီ ကဂိုးသမားနဲ့အတွေ့မှာ အပိုင်ကန်သွင်း ယူခဲ့တာဖြစ်ပါတယ်။
ဂိုးပေးလိုက်ရတဲ့ထိုင်းအသင်းဟာ သြစတြေးလျအသင်းကို ပိုမိုဖိအားပေးတိုက်စစ်ဆင်က စားနိုင်ခဲ့လို့ ပွဲချိန်၂၉မိနစ်မှာ ဆောင်ငိုယန်၊ပွဲချိန်၃၉မိနစ်မှာပင်နယ်တီကတစ်ဆင့် မိုင်ဂျာ ယန်တို့က ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း ထိုင်းအသင်းကပဲ ဂိုးသွင်းခွင့်တွေထပ်ရ ပေမယ့် တိုက်စစ်ပိုင်း ကအသုံးမချနိုင်ခဲ့လို့ (၂-၁)ဂိုးနဲ့ပွဲ ပွဲပြီးခဲ့တာဖြစ်ပါတယ်။
အာဆီယံအမျိုးသမီးပြိုင်ပွဲဗိုလ်လုပွဲကို လာမယ့်သြဂုတ်လ၄ ရက်မှာယှဉ်ပြိုင်ကစားမှာဖြစ်ပြီးထိုင်းအသင်းဟာ မြန်မာနဲ့ဗီယက် နမ်ပွဲစဉ်မှာအနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲကစားရမှာဖြစ်ပါတယ်။
DVB