ဈေးအတူရောင်းခဲ့ဖူးသူက အရွယ်မရောက်သေးသည့်မိန်းကလေးကို သားမယားပြုကျင့်
****************************************
ဒလမြို့နယ်တွင် ဈေးကူရောင်းရန်ခေါ်ခိုင်းခဲ့ဖူးသူက မိဘအုပ်ထိန်းမှုအောက်အရွယ် သမီးငယ်ကို
ခြိမ်းခြောက်သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက သြဂုတ်လ ၅ ရက်နေ့ တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
အဆိုပါနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် ဒလမြို့နယ်နေ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးက
သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ရာတွင် ၎င်း၏ အသက် ၁၅ နှစ်ကျော် အရွယ်သမီးဖြစ်သူ အမျိုးသမီးကိစ္စ
မူမှန်သဖြင့် မေးမြန်းခဲ့သည်ဟုပါရှိသည်။
ဇူလိုင်လ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က မိခင်ဖြစ်သူဈေးရောင်းသွားပြီး နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် အိမ်ဈေးဆိုင်တွင် ဈေးကူရောင်းရန်ခေါ်ခိုင်းဖူးသူ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ
အောင်ကိုလတ်(ခ) ကိုလတ် ၂၈ နှစ် ရောက်ရှိလာပြီး နောက်ဖေးမီးဖိုခန်းတွင်
သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး၊ ပြန်ပြောပါက သတ်ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း
သမီးဖြစ်သူ၏ ပြောပြချက်အရသိရသည်ဟုဆိုကာရဲထံတိုင်တန်းခဲ့သည်။
ဒလမြို့မရဲစခန်းက(ပ)၃၉၀/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
The Myanmar Times
Photo - Google