၁၀ နှစ်အရွယ်ကတည်းက အကြိမ်ပေါင်း၃၀၀၀အဓမ္မပြုကျင့်ခံခဲ့ရသူ


အသက်(၆၁)နှစ်အရွယ် Fiend Keith Downend ဆိုတဲ့ အမျိုးသားကြီးဟာ ယခု အသက်(၄၈) အရွယ်ကို ရောက်နေပြီ
ဖြစ်တဲ့ Louise ကို သူမ အသက်(10)နှစ်မှ (16)နှစ်အတွင်းမှာ တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်အထိ အဓမ္မပြုကျင့်ခဲ့ပါ
တယ်။ သူမဟာ အကြိမ်(3000) နီးပါးခန့် အဓမ္မပြုကျင့် ခံခဲ့ရပြီး အဲဒီအတွက် အခုအခါမှာတော့ တရားမျှတမှုကို ရှာတွေ့ခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။


Minshull Street Crown Court တရားရုံး
Downend ကို ပြစ်မှုကျူးလွန်သည်မှာ ထင်ရှားလို့ တရားရုံးက ထောင်ဒဏ်(19)နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ သူဟာ Louise ကိုသာမက အခြား အမျိုးသမီးတစ်ယောက်ကိုလည်း အဓမ္မမှု ကျူးလွန်ခဲ့တယ်ဆိုတာကို စစ်ဆေးပေါ်
ပေါက်ခဲ့ပါတယ်။
ရှေ့နေတွေရဲ့ တွက်ချက်မှုအရ Louise ဟာ အရွယ်မရောက်ခင်မှာ အဓမ္မကျင့်ခံရမှုပေါင်း (2987) ကြိမ်အထိ ပြုခံခဲ့ရ
တယ်လို့ တွက်ချက် ရရှိခဲ့ပါတယ်။ Louise က သူမရဲ့ ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။ သူမက ” အဲဒီလူက … ကျွန်မကို နေ့
စဉ် နှစ်ကြိမ်တော့ အဓမ္မကျင့်ပါတယ် … တကယ့်တော့ သူက သူတော်စင်ယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးကြီးပါ … တရားရုံးစီရင်ချက်ကို ကျေနပ်ပါတယ် … ကျွန်မတို့မှာလည်း အနာဂတ်ဆိုတာ ရှိပါသေးတယ် ” လို့ ဖွင့်ဟခဲ့ပါတယ်။



ကာယကံရှင်အမျိုးသမီး ငယ်စဉ်ကပုံနဲ့ လက်ရှိအသက်အရွယ်
Downend ဟာ ကာယကံရှင်အမျိုးသမီးကို အဓမ္မပြုကျင့်ပြီး တစ်ယောက်ယောက်ကို ပြောလျှင် အရှင်မထားဘူး-လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီအမှုကို ပြီးခဲ့တဲ့ လေးနှစ်ကမှ ကာယကံရှင် Louise က သက်ဆိုင်ရာကို ဖွင့်ဟ တိုင်တန်းခဲ့တာ ဖြစ်ပြီး၊ အဓမ္မမှုတွေ စတင်ဖြစ်ခဲ့စဉ်က မန်ချက်စတာမြို့မှာ သူမတို့အိမ်နဲ့ Downend တို့အိမ်က ကပ်လျှက်ဖြစ်ပါတယ်။
အဲဒီတုန်းက Downend ဟာ သူမကို ပုံစွဲစာအုပ်တွေ ခဏခဏ၀ယ်ပေးလို့ ခင်တွယ်ခဲ့ဖူးတယ်လို့လည်း Louise က ဆို
ပါတယ်။ ထိုစဉ်က ကျေးဇူးတင်ကြောင်း ပြောတဲ့အခါ ” ကျေးဇူးတင်ရင် အနမ်းပေး”ဆိုပြီး ဖြားယောင်းတာကို ခံခဲ့ရ
တယ်လို့လည်း သိရပါတယ်။



ဒါပေမယ့် Louise ရဲက ဖခင်ဖြစ်သူဟာ ငွေအမြဲလိုနေသူဖြစ်ပြီး ဒီအချက်ကို Downend က အပိုင်ကိုင်ထားကာ လိုသလို အဓမ္မပြုကျင့်ကာ ပြည့်တန်ဆာတစ်ယောက်လို ဆက်ဆံခဲ့ပါတယ်။ ထိုစဉ်က ဖခင်ကလည်း သက်ရှိထင်ရှားရှိနေလို့ သမီး
ဖြစ်သူ Louise ဟာ ဘယ်သူ့ကိုမှ ပြန်မပြောရဲခဲ့ပါဘူး။ ဖခင်က ငွေအမြဲရှာခိုင်းတတ်ပြီး တစ်ခါ အဓမ္မကျင့်ခံရတိုင်း Downend က ယူရိုတစ်ပေါင် ပေးတယ်လို့လည်း ဆိုပါတယ်။

Downend ဟာ စွပ်စွဲချက်တွေအားလုံးအတွက် အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။ ဒါကြောင့် Minshull Street Crown Court တရားရုံးက သူ့ကို ကြိုတင်ကြံစည်ထားသော မုဒိမ်းမှုများနဲ့၊ ငယ်ရွယ်တဲ့ကလေးငယ်လေးတွေရဲ့ အနာဂတ်ကို
တန်ဖိုးမထား ဖျက်ဆီးမှုများအတွက် ထောင်ဒဏ်(19)နှစ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

လင်းဇော်ကို (Shwemom)
source : thesun.co.uk
Powered by Blogger.