သရုပ်ဆောင်ပွင့် အိမ်ထောင်ကျတယ်ဆိုတာ အမှန်တကယ်မဟုတ်ကြောင်း သူ၏ ဖေ့ဘုတ်တွင် ရေးသားဖော်ပြ

***************************************
 ချစ်ဆုံးလေးတို့ရေ ပွင့်အိမ်ထောင်ပြုတယ်ဆိုပြီး11.8.16မှာfacebook pageတစ်ခုကတင်တယ်။ 13.8.16လည်းကျရော ရင်သွေးယူတော့မယ်ဆိုပြီး ထပ်တင်လာပြန်တယ်ရှင့်။ (ခု fmတစ်ခုကပါ sedonaမှာ ပွင့်မင်္ဂလာဆောင်တယ်ဆိုတဲ့သတင်းကြေငြာသွားတယ်လို့ ပရိသတ်တော်တော်များများကပါ ထပ်မေးလာကျပြန်တော့ တော်တော်လေးကိုစိတ်မကောင်းဖြစ်ရပါတယ်ရှင့်။) ဒီလိုသတင်းတွေကို ကာယကံရှင် ပွင့်ကိုယ်တိုင်တောင် အားလုံးဝိုင်းမေးကျမှသိရတဲ့ အဖြစ်ပါရှင်။ သြော် သဲလေးတို့ရေ ပွင့်မင်္ဂလာဆောင်တာ လုံးဝမဟုတ်ပါဘူးရှင်။ အရင့်အရင်တွေမှာလည်း ဒီလိုကောလဟာလတွေဟာ ပျံ့နှံ့ခဲ့ဖူးလို့ အချိန်တန်ရင်သိသွားမှာပဲဆိုပြီး မဖြေရှင်းခဲ့ပါဘူးရှင်။ ခုတော့ ပရိသတ်တွေသာမက ဂျာနယ်တွေရော ဆွေမျိုး အပေါင်းသင်းများပါမကျန် မေးနေကျလွန်းလို့ အထင်လွဲမှာစိုးလို့ပါရှင့်။ အိမ်ထောင်ပြုဖို့ နေနေသာသာ ရည်းစားတောင်မရှိရပါဖူးရှင်။ခုချိန်ထိတော့ တခါမှ အချစ်ရေး အိမ်ထောင်ရေးကို မစဉ်းစားဖူးသေးပါနော်။ ပွင့်ချစ်တဲ့ ပရိသတ်တွေရယ် ချစ်ရတဲ့မေမေရယ်။ပွင့် ဝါသနာပါတဲ့ အနုပညာရယ်ကလွဲရင် ခုထိဘာမှစိတ်မဝင်စားတဲ့ ပီဘိကလေးလေးတယောက်ပါရှင့်။ နောက်ပြီး ပွင့်ကိုယ်တိုင်သုံးနေတဲ့facebook accountက2ခုပဲရှိပါတယ်ရှင် ဒီ Pwint Cele ဆိုတာရယ် ခုtagလုပ်ပေးထားတဲ့ Cele Pwintဆိုတဲ့ accountရယ်ပါ။ ကျန်တဲ့ pageတွေ accountတွေအားလုံးကအတုတွေပါရှင့်။ ချစ်ဆုံးတို့ သိချင်တာတွေကိုဒီ accountနှစ်ခုမှာ commentရေးပြီး မေးလို့ရပါတယ်နော်။ (messenger message boxမှာစာပို့ထားကျတာကတော့ အမြဲတမ်းမသုံးဖြစ်တာရယ်ကြောင့် သိပ်မသေချာမှာစိုးလို့ပါနော်)။ အချိန်ရရင် ရသလောက် commentတွေကိုသေချာဖတ်ပြီး replyလုပ်ပေးနေကျဆိုတာလည်း သဲလေးတို့ အားလုံးသိပြီးသားပါနော်။ (ဒီpostလေးကိုတော့ ပွင့်ကိုချစ်တယ်ဆိုတဲ့ ချစ်တို့ ဝိုင်းshareပေးကျပါနော်။)အဆိုးထဲက အကောင်းကတော့ ပွင့်ကိုစိုးရိမ်တကြီးဝိုင်းမေးကျလို့ ပွင့်ပရိသတ်တွေရင်ထဲက မေတ္တာကိုမြင်တွေ့ခွင့်ရလိုက်လို့ အရမ်းကြည်နူးပီတိဖြစ်ရပါတယ်ရှင်။ ပွင့်ကလည်း အရမ်းလည်းချစ်ပါတယ်နော် <3 (P. S. ပွင့်မင်္ဂလာဆောင်တယ်လို့ပြောသွားတဲ့ fmနာမည်လေးသိရင်ပြောပြပါဦးရှင် ဘယ်အစီစဉ်မှာ ဘယ်လိုလေးပြောသွားတာလဲရှင့် မဟုတ်ကြောင်းလေးပြန်ပြောချင်လို့ပါနော် :'( ) (တတ်နိုင်သလောက် အဲ့ဒီသတင်းတင်ထားတဲ့ pageတွေရဲ့ postတွေအောက်မှာလည်း ဒီစာလေးတွေကို တတ်နိုင်သလောက် screenshotလေး ရိုက်တင်ပေးကျပါနော် သဲလေးတို့ )

 Pwint
Powered by Blogger.