တောင်ငူမြို့တွင် မူးယစ်ဆေးဝါး ဖမ်းဆီးမိပြန်

================================== သြဂုတ်လ ၁၅ (၁၅.၈.၂၀၁၆)မနက် ၁ နာရီအချိန်ခန့်ကတောင်ငူမြို့ ၁၃ ရပ်ကွက်ဘုရားလမ်းနှင့် ဈေးလမ်းထောင့် Win Mark ဆိုင်ရှေ့တွင် တောင်ငူမြို့အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်စိုး နှင့်အဖွဲ့နယ်ထိန်းတပ်ဖွဲ့ဝင်များ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ တပ်သားအောင်ဇေယျဖြိုးနှင့် အသိသက်သေများသည် မူးယစ်သတင်းအရ ဆေးရုံကြီးအနီး ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုဝင်းထိုက် မြို့မလမ်းသွယ် နယ်မြေ (၈) ၁၉ ရပ်ကွက်နေအားရှာဖွေရာ စိတ်ကြွဆေးပြား(၃၇၅)ပြား ဖမ်းဆီးရရှိမိပါသည်။ တောင်ငူခရိုင်တွင် ခရိုင်ရဲတပ်ဖွဲ့မှုး မြို့နယ်ရဲတပ်ဖွဲ့မှုးတို့၏အစီအစဉ်ဖြင့် မူးယစ်ဆေးဝါးများအား အချိန်အဟုန်ဖြင့် နေ့စဉ်ဖမ်းဆီးအရေးယူနေသည်မှာ လက်တွေ့ တွေ့မြင်နေကြပါသည်။


PhoeAye24News
===============
Powered by Blogger.