၎ လောင်းပြိုင် အသတ်ခံခဲ့ရသည့် အိမ်ရှေ့တွင် မသင်္ကာဖွယ် လူ ၃ ဦး ဓာတ်ပုံ ထွက်ပေါ်
By ဒီဗွီဘီ 22 August 2016 Print
မင်္ဂလာဒုံမြို့နယ်မှာ သြဂုတ်လ ၂၀ ရက်နေ့က အသတ်ခံခဲ့ရတဲ့ ရဲအရာရှိဟောင်းနဲ့ မိသားစုဝင် ၃ ဦးတို့ အသတ်ခံရမှု နောက်ဆက်တွဲအဖြစ် အခင်းဖြစ်ပွားတဲ့ အိမ်နားမှာ ရိုက်ထားတဲ့ မသင်္ကာဖွယ် လူ ၃ ဦးဓာတ်ပုံ ထွက်ပေါ်လာခဲ့ပါတယ်။
ဓာတ်ပုံပေါ်မှာ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်း ပုဒ်မ ၃၀၂ အမှုမှ မသင်္ကာသူများရဲ့ မှတ်တမ်းဓာတ်ပုံများ၊ တွေ့ရင်သတင်းပေးကြပါလို့ ရေးထားတဲ့ သေဆုံးသွားတဲ့ ရဲအရာရှိဟောင်းရဲ့ အိမ်နားမှာ ဘေးတိုက်ရပ်နေကြတဲ့ လူ ၃ ဦးရဲ့ဓာတ်ပုံ ထွက်ရှိလာတာပါ။
လူသတ်မှုမဖြစ်ခင်က သေမှုသေခင်းဖြစ်တဲ့ခြံနားကို အနီးကပ် လာရောက်သွားတဲ့ လူ ၃ ဦးပုံဖြစ်ပြီး သေသွားတဲ့ ရဲအရာရှိဟောင်းရဲ့ အမျိုးသမီးက မသင်္ကာတဲ့အတွက် ဓာတ်ပုံ ရိုက်ယူထားတာကို သေသူရဲ့ ဖုန်းထဲမှ ပြန်လည်ကူးယူထားတာလို့ သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ် ရွှေနံ့သာကျေးရွာအုပ်စု ကျူးကျော်ကွက်သစ် မြအေးချမ်းလမ်းသွယ်မှာ နေထိုင်တဲ့ ရဲအရာရှိဟောင်း ဦးစိုးနောင် (၃၇) နှစ်၊ ဇနီး မချယ်ရီပွင့် (၃၃) နှစ်၊ သားအကြီး ဟန်သူရ (၁၃) နှစ်နဲ့ သားငယ်စွမ်းထက်မြက် (၉ နှစ်) တို့ဟာ သြဂုတ် ၂၀ ရက်က နေအိမ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မိသားစု ၄ ဦးရဲ့ ဈာပနကို ဒီနေ့မနက် ၁၀ နာရီက ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး အသတ်ခံခဲ့ရသူတွေကို သြဂုတ်လ ၂၆ ရက်နေ့မှာ ရက်လည်ဆွမ်းသွပ်မှာ ဖြစ်ပါတယ်။
သတင်း ဒီဗွီဘီ
http://burmese.dvb.no/archives/165045