နာရေးပို့ဆောင်သူများလို့ အချိန်စောပြီး သင်္ဂြိုဟ်လိုက်ရတဲ့ မိသားစုဝင်လေးဦး
အများပြည်သူထောင်နဲ့ ချီပြီး လိုက်ပါပို့ဆောင် ခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်မှာ အသတ်ခံခဲ့ရတဲ့ မိသားစုဝင်လေးဦးရဲ့ နာရေးကို ဒီနေ့ မနက် ၁၀ နာရီက ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ရာ နာရေးပို့ဆောင်သူတွေ အရမ်းများတာကြောင့် အချိန်စောပြီး မီးသင်္ဂြိုဟ်ခဲ့ရတယ်လို့ သိရပါတယ်။

ထောက်ကြန့်မြို့နယ် ရွှေနံသာကျေးရွာအုပ်စု ပတ္တမြားမြို့သစ်၊ မြအေးချမ်းလမ်းသွယ်မှာနေတဲ့ ရဲအရာရှိဟောင်း ကိုစိုးနောင်၊ ဇနီးဖြစ်သူ ဒေါ်ချယ်ရီပွင့်နဲ့ သားမောင်ဟန်သူရ၊ မောင်စွမ်းထက်မြတ်တို့ က သြဂုတ်လ ၂၀ ရက်နေ့မှာ အသတ်ခံခဲ့ရတာပါ။

ဒီမိသားစု လေးဦးရဲ့ နောက်ဆုံးခရီးကို အများပြည်သူထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ပြီး မီးမသင်္ဂြိုဟ်ခင် ရဲအရာရှိဟောင်း ဦးစိုးနောင်ကို အမိန့်ပြန်တမ်းဖတ်ဖို့ စီစဉ်ခဲ့ပေမယ့် လူများလွန်းတာကြောင့် မဖတ်လိုက်ရဘဲ သင်္ဂြိုဟ်လိုက်ရတယ်လို့ ဆိုပါတယ်။
Source & Photos : 7DayDaily