တပ်မတော်အရာရှိပါဝင်တဲ့လူငယ်အဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်အချို့ရုန်းရင်းဆန် ခတ်ဖြစ်
=============================
ဝိုင်းဝန်းတိုက်ခိုက်လာတာကြောင့်နောက်ထပ်သေနတ်ငါးချက်ပစ်ခဲ့တာလို့ သိရပါတယ်။
ဗိုလ်ကြီးအဆင့် တပ်မတော်အရာရှိတစ်ဦးပါဝင်တဲ့ လူငယ်အဖွဲ့နဲ့ လှည့်ကင်း လှည့်တဲ့ ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားတဲ့ ဖြစ်ရပ်တစ်ခု မကွေးမြို့မှာဖြစ် ပွားခဲ့ပါတယ်။
ဗိုလ်ကြီးပါဝင်တဲ့ လူငယ်အဖွဲ့ဟာ ဘော်ဒါဆောင်ရှေ့တစ်ခုမှာ ဂစ်တာတီးနေ တုန်း လှည့်ကင်းလှည့်လာတဲ့ ရဲတွေက အိမ်ပြန်ခိုင်းရာက ရုန်းရင်းဆန် ခတ်ဖြစ် ခဲ့ပြီး အဆိုပါဗိုလ်ကြီးဖြစ်သူနဲ့ တပ်ကြပ်တစ်ဦး တို့ သေနတ်ဒဏ်ရာ ရကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးလည်း ထိုးကြိတ်ဒဏ်ရာတွေ ရရှိတယ်လို့ သိရပါတယ်။
ဗိုလ်ကြီးဆိုသူက အကြမ်းဖက် သင်တန်းဆင်းဖြစ်ကြောင်းနဲ့ အမိန့်လာ မပေးဖို့ ပြောတာကြောင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်က မကွေးမြို့တပ်မ (၈၈)မှ တပ်မတော်အရာရှိ တစ်ဦးထံ ဖုန်းဆက်အကြောင်းကြားစဉ်မှာ ဗိုလ်ကြီး ဆိုသူက ဖုန်းကို ဝင်လုပြီး သေနတ်ကိုပါ လုဖို့ ကြိုးစားလာတာကြောင့် သေ နတ် တစ်ချက်ဖောက် ခြောက်လှန့်ခဲ့ တာဖြစ်ပါတယ်။
ဒါပေမဲ့ ဝိုင်းဝန်းတိုက်ခိုက်လာတာကြောင့် နောက် ထပ် သေနတ် ငါးချက် ပစ်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါဖြစ်ရပ်ဟာ မကွေးမြို့ ကန် သာ(၅) လမ်း၊ မြတ်မဉ္ဇူ ဘော်ဒါဆောင်ရှေ့မှာ သြဂုတ် ၁၅ ရက် နံနက် ၁ နာရီခန့် က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂစ်တာတီးတဲ့ လူငယ်အဖွဲ့မှာ ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်အရာရှိတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ တပ်သားတစ်ဦးနဲ့ အရပ်သား ရှစ်ဦးပါဝင်ပြီး မကွေးမြို့မရဲစခန်းမှ ဒုရဲအုပ်ဦးဆောင်တဲ့အဖွဲ့ဟာရဲတပ်ဖွဲ့ ဝင်လေးဦးနဲ့ လှည့်ကင်းလှည့်လာတာ ဖြစ်ပါတယ်။
Credit>>>Duwun