ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် လောင်းကစားမှုကင်းစင်ရေးအတွက် အစီအမံများချမှတ်ကာ ဆောင်ရွက်လျက်ရှိ


ရန်ကုန်၊ သြဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်
လောင်းကစားမှုများကင်းစင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ 
အစီအမံများချမှတ်ကာ စုံစမ်းဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

၁၇.၈.၂၀၁၆ရက်နေ့ ၁၉၀၀အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် သောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်၊ ဝေပုလ္လလမ်းရှိ နေအိမ်တွင်
လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ
ဝင်ရောက်ရှာဖွေရာ နေအိမ်ရှေ့ခန်းတွင်မထက်ထက်ခိုင်၊ (၂၂)နှစ်၊
မဇင်ဖြိုးခိုင်၊ (၂၆)နှစ်၊ ကြွက်ကလေး(ခ)မျိုးအောင်၊ (၂၆)နှစ်၊တင်ဦး၊(၂၆)နှစ်တို့(၄)ဦးကိုနှစ်လုံးထီ/သုံးလုံးထီ လောင်းကစားပစ္စည်းများဖြစ်သည့်
ဘောက်ချာအုပ်များ၊ ဘောက်ချာစာရွက်များ၊ လယ်ဂျာစာရွက်များ၊ ငွေစာရင်း
စာရွက်စာတမ်းများ၊ ဂဏန်းပေါင်းစက်၊ လက်ကိုင်ဖုန်း (၄)လုံး၊ လောင်းကြေး
ငွေကျပ် (၃၁၆၀၅၀)တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ယင်းသို့ လောင်းကစားပြုလုပ်သူ မထက်ထက်ခိုင်ပါ(၄)ဦးကို လှိုင်သာယာ
မြို့နယ်၊ သောင်ကြီး နယ်မြေရဲစခန်း(ပ)၇၁၂/ ၂၀၁၆၊ လောင်းကစားဥပဒေ
ပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး
နှင့်လောင်းကစားမှုများကင်းစင်ရေးအတွက် အစီအမံများချမှတ်ပြီး 
စုံစမ်းအရေးယူဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း
သတင်းရရှိပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်
ထားရှိသည့် 199 Call Center သို့ယုံယုံကြည်ကြည်ဖြင့် သတင်းပေးပို့စေလိုပါကြောင်း၊ ပေးပို့လာသည့်သတင်းများနှင့် ပတ်သက်၍လည်း 
စိစစ်အတည်ပြုကာဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး
ဖော်ပြအပ်ပါသည်။
Yangon Police
Powered by Blogger.