မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ မသင်္ကာသူ ၃ ဦးနှင့်ပတ်သက်၍ တွေ့ရှိပါက ကူညီသတင်းပေးနိုင် ပါရန် အသိပေးဖော်ပြခြင်း

===================================

ရန်ကုန်၊ သြဂုတ် ၂၉

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ

အုပ်စု၊ ပတ္တမြားမြို့သစ် ရပ်ကွက်၊ အေးချမ်းလမ်းတွင်နေထိုင်သူ ဦးစိုးနောင်

နှင့် ၎င်း၏မိသားစုများဖြစ်သော ဇနီးဖြစ်သူ မချယ်ရီပွင့်၊ သားဖြစ်သူ

မောင်ဟန်သူရနှင့် မောင်စွမ်းထက်မြက်တို့ ၄ ဦးသေဆုံးခဲ့ကြသည့်အမှုကို 

ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၅၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် 

အမှုဖွင့်ကာ အမှုမှန်ပေါ်ပေါက်စေရေးအတွက် အပူတပြင်း စုံစမ်းဖော်ထုတ်

လျက်ရှိပါသည်။

အမှုမှသေဆုံးသူ မချယ်ရီပွင့်၏လက်ကိုင်ဖုန်းအတွင်း ရိုက်ကူးထားသည့် 

မသင်္ကာသူ ၃ ဦး၏ဓာတ်ပုံအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ မြို့နယ်/

ရဲစခန်းများသို့ စုံစမ်းပေးရန်ဖြန့်ဝေထားရှိပြီး အခြားပြည်နယ်/တိုင်းဒေသကြီး

ရှိ ရဲတပ်ဖွဲ့များသို့လည်း ကူညီစုံစမ်းပေးရန် ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။

ပြည်သူများအနေဖြင့်လည်း အဆိုပါဓာတ်ပုံပါ မသင်္ကာသူ ၃ ဦးနှင့်

ပတ်သက်၍ သတင်းအချက်အလက်တစ်စုံတစ်ရာရရှိပါက ရန်ကုန်တိုင်း

ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ သတင်းလက်ခံဌာန 199 Call Centre ဖုန်း

အမှတ် ၁၉၉၊ ၀၁-၂၃၂၃၁၉၉ သို့ ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်း

ကူညီပေးနိုင်ပါရန်နှင့် သတင်းပေးပို့သူ၏လုံခြုံရေးကိုလျှို့ဝှက်ထားမည်ဖြစ်

ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။


Ref--Yangon Police




Powered by Blogger.