စိုင်းစိုင်း ထုတ်လုပ်ရောင်းချတဲ့ SAIနှုတ်ခမ်းနီကို ၀ယ်ယူအားပေးမယ်ဆိုတဲ့ လုလုအောင်


========================
နှုတ်ခမ်းနီမလေးများရဲ့အသည်းစွဲ စိုင်းစိုင်းခမ်းလှိုင် ထုတ်လုပ်ရောင်းချမယ့် SAIနှုတ်ခမ်းနီကို သရုပ်ဆောင် မော်ဒယ်လ် လုလုအောင်က ၀ယ်ယူစမ်းသပ်အားပေးဖြစ်မယ်လို့ ဆိုပါတယ်။
“ဘာပဲပြောပြော အခု သူ့ရဲ့ ပထမဆုံး ထုတ်လုပ်မှုဖြစ်တယ် ။သူ့ရဲ့ ကုန်ပစ္စည်းအသစ် ဖြစ်သလို ဒီမှာ ထွက်မယ့် ပစ္စည်းအသစ်တစ်ခု ဖြစ်တယ် ။ ကိုယ်မှ မဟုတ်ပါဘူး ၊မြန်မာပြည်က မိန်းကလေးတွေလည်း အားပေးကြမယ်။ စမ်းသပ်ကြမှာပါ ။ ကိုယ်ကလည်း မိန်းကလေးတစ်ယောက် ဖြစ်တဲ့အတွက် ကုန်ပစ္စည်းအသစ်တစ်ခုကို ၀ယ်ယူစမ်းသပ်အားပေးဖြစ်မှာပါ"လို့ လုလုအောင်က ပြောပါတယ်။
လုလုအောင်ဟာ အခုရက်ပိုင်းအတွင်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ရရှိနေတာ ဖြစ်ပါတယ်။ လုလုအောင်ရဲ့ ဓါတ်ပုံကို လူမှုကွန်ရက်တင်ရာမှာ ဖိုတိုရှော့နည်းပညာနဲ့ ပြုပြင်ထားခြင်း ရှိမရှိ အငြင်းပွားမှုတချို့လည်း ဖြစ်ခဲ့ပါတယ်။


ဒါနဲ့ ပတ်သက်ပြီး လုလုအောင်က "ရေကူးကန်မှာ ဓာတ်ပုံကို ဒီအတိုင်း ရိုက်လိုက်တယ်။ အယူအဆအရ ခြေထောက်လေးရှည်ရင် ပိုလှမယ်ထင်ပြီး လုပ်လိုက်မိတာ ပိုပြီး သတိထားမိသွားကြတယ်။ အခုလို ဖေ့စ်ဘွတ်ခ်မှာ ကျွန်မရဲ့ဓာတ်ပုံသတင်းတွေ အရမ်းပျံ့လာတော့ ရုတ်တရက် ကြောင်သွားတယ် ။ ကိုယ့်ဘာသာကိုယ် ဘာသိဘာသာ နေတယ် ။ တစ်ရက်ထက်တစ်ရက် ပိုပြောလာကြတယ် ။ ဒါဟာ ကိုယ်ပိုကောင်းဖို့အတွက်လို့ပဲ မှတ်ယူပါတယ် ။ အခုတော့ အရင်ရိုက်ထားတဲ့ ကြော်ငြာတွေလည်း လွှင့်ဖို့ရှိပါတယ် "လို့ ဖြေရှင်းခဲ့ပါတယ်။
သမီးလေးတစ်ယောက်ရဲ့ မိခင်ဖြစ်သူ လုလုအောင်က လက်ရှိမှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြောင်းလည်း ပြောပါတယ်။
“အခုတော့ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ် ။ကလေးရဲ့အဖေနဲ့ ဝေးနေပေမယ့် နှစ်ယောက်လုံးကတော့ ကလေးအတွက် လိုအပ်လာရင် အားလုံး အကောင်းဆုံးဖြစ်အောင် လုပ်ပေးကြမှာပါ"လို့ လုလုအောင်က ပြောပြခဲ့ပါတယ်။




Powered by Blogger.