ဆံရစ်ဝိုင်းကျေးရွာဟု နာမည်ကြီးသည့် စက်စက်ယိုကျေးရွာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ


ဆံရစ်ဝိုင်းတို့ကျေးရွာဟု နာမည်ကြီးသည့် ညောင်ဦးမြို့ နယ် စက်စက်ယိုကျေးရွာ၏ဆံရစ် ၀ိုင်း ယဉ်ကျေးမှုကို ထိန်းသိမ်းပေး ခဲ့သော ဆရာတော် ဦးနာရဒသည် သြဂုတ် ၂၀ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်၌ ပျံလွန်တော်မူခဲ့ ကြောင်းသတင်းရရှိသည်။

ဆရာတော်သည် ပျံလွန် တော်မူချိန်တွင် သက်တော် (၇၉) နှစ် ၀ါတော် (၅၉) ၀ါရှိပြီဖြစ် သည်။ စက်စက်ယိုကျေးရွာတွင် ကလေးငယ်များသည် ဆံရစ်ဝိုင်း သျှောင်ပေစူးလေးများဖြင့် ရိုးရာ ယဉ်ကျေးမှုမပျက်ရှိခဲ့ခြင်းသည် ရှေးအစဉ်အဆက် ကျောင်းထိုင် ဆရာတော်ကြီးများ၏ စည်းရုံး ပညာပေးမှုများကြောင့်ဖြစ်သည်။

ဆရာတော်၏ ဘုန်းကြီးပျံ ပွဲကို တစ်လခန့်ကျင်းပရန် စီစဉ် ထားပြီး သံဃာတော်များ အစည်း အဝေးထိုင်နေကြောင်း ညောင်ဦး မြို့နယ် နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ကိုသန်းထိုက်က ပြော သည်။

‘‘ဆရာတော်ရဲ့ အဝေး ရောက်တပည့်တွေလည်းရှိတော့ သူတို့လာနိုင်အောင် အခုဘုန်းကြီး ပျံပွဲကို စည်စည်ကားကားဖြစ်ဖို့ တိုင်ပင်နေပါတယ်’’ဟု ကိုသန်း ထိုက်ကဆိုသည်။

နာရေးကူညီမှုအသင်း (ရန် ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ကျော်သူကွန်ရက်အစီအစဉ်ဖြင့် ဆရာတော်၏ ဘုန်းကြီးပျံပွဲပြီး နောက် အရိုးတော်ကောက်၍ ဆရာတော်အား ရည်စူးကာ ရွာ တွင် လွမ်းစေတီ တည်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

စက်စက်ယိုကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း ဆရာ တော်ဦးနာရဒ၏ မိန့်မှာချက်ဖြင့် ကလေးငယ် ၂၄ ဦးကို သျှောင် ပေစူးဟုခေါ်သော ဆံရစ်ဝိုင်း ဆံ ပင်ပုံစံထားရှိပေးထားသည်။

Ref: 7daydaliy
Powered by Blogger.