အဖျောက်မြို့ရေအိုင်ဘေးတွင် (၁၇)အရွယ် မိန်းကလေးအလောင်း တစ်လောင်း တွေ့ရှိ


***************************************
တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ (၃)ရပ်ကွက်၊ မီးစက်လမ်း၊ ပန်းတာဘေး
 ရေအိုင်စပ်မှာ သြဂုတ် (၂၁)ရက် နံနက် (၈)နာရီခန့်က အမျိုးသမီး အလောင်း
 တွေ့ရှိတယ်လို့ အဖျောက်မြို့ရဲစခန်းကနေ သိရပါတယ်။ အဲဒီ သေဆုံးသူ
အလောင်းကို စစ်ဆေးရာ ကျုံတကင်း ကျေးရွာ နေ ဦးကျင်သန်းရဲ့ သမီး မမြင့်မိုးနွယ်(ခ) မအေး (၁၇)နှစ်ဖြစ်ပြီးအဖျောက်မြို့ (၂) ရပ်ကွက် အနော်ရထာ
လမ်းနေ မစုရည်မွန်(ခ)မမီးလေး နေအိမ်မှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်တယ်
လို့သိရပါတယ်။ သြဂုတ် (၁၈)ရက် မွန်းလွဲ (၂)နာရီခွဲ ကအဖျောက်မြို့ လျှပ်စစ်ရုံးမှာမီတာဆောင်ပြီး အိမ်ကိုပြန်မရောက်ဘဲပျောက်ဆုံးနေသူဖြစ်
ကြောင်း သိရပါတယ်။ သေဆုံးသူရဲ့လက်ထဲမှာ ငှက်သတ်အဆိပ် (ပေါ်တက်)
 ဆေးလို့ ယူဆရတဲ့ ဆေးခဲတွေ့ရှိကြောင်း၊ ပြင်ပ ဒဏ်ရာမရှိဘဲသေဆုံးနေ
ကြောင်း၊ အဖျောက်မြို့ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃/၁၆ ဖွင့်ပြီး စခန်းမှူး ရဲအုပ် လွန်းအောင်ဆန်းက စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

သတင်း - တင်ဝင်းနိုင်(တိုက်ကြီး)
CNB
Powered by Blogger.