ရန်ကုန်မြို့တွင် ရေမြောင်းအတွင်းကျသည့် ကလေးငယ်အား ကယ်တင်ရမှုဖြစ်ပွား
=========================================
ကွန်ကရစ်ရေမြောင်းအတွင်းမှ ကလေးငိုသံကြားသဖြင့် ကျိုးပဲ့ နေသော မြောင်းဖုံးအပေါက်မှ လေးနှစ်အရွယ်ကလေးငယ် တစ်ဦးအား ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသူများက ဝိုင်းဝန်းကယ်တင် ဆယ်ယူလိုက်ရသော အဖြစ်တစ်ခု ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့ နယ် သင်္ဃန်းကျွန်းစံပြဈေးရှေ့ တွင် ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီကဖြစ်ပွားခဲ့သည်။
ကလေးငယ်မှာ ကျိုးပဲ့နေသော မြောင်းဖုံးအပေါက်မှ လမ်းလျှောက် လာရင်း ရပ်လျက်အနေအထားဖြင့် မြောင်းထဲ သို့ကျသွားခြင်းကြောင့် ရင်ညွန့်အထိရှိသည့် မြောင်းရေများ ထဲသို့နစ်သွားသော်လည်း ကံကောင်းထောက်မစွာ ကယ်တင်နိုင် ခဲ့ခြင်းဖြစ်သည်။
အဆိုပါမြောင်းမှာ အလျားသုံးပေ၊ အနံနှစ်ပေခန့်ရှိ ကွန်ကရစ်အဖုံးကျိုးပဲ့ကာ အပေါက်ဖြစ်နေသည်မှာ တစ်နှစ် ခန့်ရှိနေပြီဖြစ်ပြီး သက်ကြီးရွယ်အိုနှင့် အမျိုးသမီးငယ်များ၊ ဈေးသွားဈေးပြန်၊ လမ်းသွားလမ်းလာများ မကြာခဏ အပေါက် ကျွံပြီး ထိခိုက်ဒဏ်ရာရကြသဖြင့် သက်ဆိုင်ရာက အမြန်ပြုပြင် ပေးရန် ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသူများက လိုလား လျက်ရှိကြောင်းသိရသည်။
မြ၀တီ