ပဲခူးတွင်လင်မယားစကားများရာမှ ဇနီးကိုယောက်ျားကဓားဖြင့်ထိုးသတ်
===========================
ပဲခူးမြို့တွင် လင်မယား စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ် သူက ဓားဖြင့်ထိုး သဖြင့် ဇနီးသည် သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။
အရက်သေစာသောက်စားထားသည့်အသက်(၄၃)နှစ်အ ရွယ် ဦးချစ် သဲမောင် ဆိုသူသည် ဇူလိုင် ၂၈ ရက် ည ၉ နာရီခန့်က လောင်း ကစားလုပ် သည့်ကိစ္စဖြင့် ဇနီးဖြစ်သူ မဖြူဇာဦး (၂၈)နှစ်နှင့် စကားများရန်ဖြစ်ရာမှ အရိုးအ သွား ၁၀ လက်မခန့်ရှိသည့် ဓားဦး ချွန်ဖြင့် ထိုးသောကြောင့် မဖြူဇာ ဦး၏ ယာဘက်ရင်အုံ တွင် ထိုး သွင်းဒဏ်ရာတစ်ချက်ရရှိပြီး ပဲခူးပြည်သူ့ဆေး ရုံကြီးသို့တင်ပို့ ခဲ့ ကြောင်း ပဲခူးအမှတ် (၂) နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။
ထို့နောက် ဓားဖြင့်အထိုးခံ ခဲ့ရသည့် မဖြူဇာဦးသည် ဇူလိုင် ၂၉ ရက် နံနက် ၆ နာရီခွဲခန့်က ရရှိထားသည့် ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဦးချစ်သဲမောင်က လည်း လင်မယားချင်း တစ် ယောက်တစ်ခွန်း စကားများရာမှ ဓားဖြင့်ထိုးခဲ့ကြောင်း ဝန်ခံထားသည်ဟုဆိုသည်။
ဇနီးသည်အား ဓားဖြင့်ထိုး သူ ဦးချစ်သဲမောင်ကို ပဲခူးမြို့ အမှတ်(၂)နယ်မြေ ရဲစခန်းက အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် ကနဦးအမှုဖွင့်စစ်ဆေး ပြီး မဖြူဇာဦး သေဆုံးခဲ့သဖြင့် လူသတ်မှုပုဒ်မ ၃၀၂ သို့ ပြောင်း လဲ အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
Credit>>>7 Day