အစိုးရရုံးရှေ့ မှာဖြစ်တဲ့ လူသတ်မှု ဘယ်သူ့ မှာတာဝန်ရှိပါသလဲ



သြဂုတ်လ (၁)ရက်နေ့ ည ဆယ်နာရီ ကျော်ခန့့် မှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံးရှေ့မှာ ရန်ဖြစ်ရာမှ ဓားဖြင့် အထိုးခံရပြီး လူသေမှု
တစ်ခုဖြစ်ပွါးခဲ့ပါတယ်။
အစိုးရရုံးရှေ့ လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ရဲတွေ အပူတပြင်းစုံစမ်းမှုတွေလုပ်နေတယ်လို့ လည်းရဲအရာရှိတစ်ဦးကအတည်ပြုပြောပါတယ် ။
အခင်းဖြစ်တဲ့ နေရာက ပေ(၇၀)လောက်သာ
ကွာဝေးတဲ့ အစိုးရရုံးရှေ့ တည့်တည့် ဖြစ်ပြီး ထူးခြားတာက အစိုးရရုံးဖြစ်တဲ့ အတွက် ဂိတ်ပေါက်ဝမှာ လုံခြုံရေး ရဲဝန်ထမ်း (၂)ဦး
ရှိပါတယ်။
ရန်ငြိုးရန်စမရှိပါဘူး၊ ဆိုင်ကယ်ကျော်တက်တာ
က စကားများတာ။ စဖြစ်တည်းက ရဲတွေကိုတွေ့ တော့ အော်ဟစ်အကူညီတောင်းတယ်၊ ဒါပေမယ့် ထွက်မလာဘူး၊ထွက်ကြည့်ပြီး ဂိတ်ထဲ ပြန်ဝင်သွားပါတယ်လို့သေဆုံးခဲ့သူရဲ့အမျိုးသမီး
က ပြောပါတယ်။

အခင်းဖြစ်ပုံက ဓားဖြင့်အထိုးခံလိုက်ရတဲ့ ကောင်လေးနဲ့ သူငယ်ချင်းတစ်စု မုန့်စားပြီး
အပြန်မှာ ဆိုင်ကယ်ကျော်တက်ရာမှ အခြားတစ်ဖက်က သူက လေးခွနဲ့ ပစ်ရာမှ ရန်ဖြစ်ရင်း ဓားထိုးခံလိုက်ရတာပါ။

ဆေးရုံရောက်တော့ အားလုံးသတိရတယ်၊ လူနာတင်ကားက အကိုက ရန်ကုန်သွားဖို့ လိုမလားဆိုပြီး ဆရာဝန်ကိုမေးတော့ ဆရာဝန်ကကြည့်ပြီး “စိုးရိမ်စရာမရှိဘူး၊ ဓားထိတဲ့ နေရာက မနက်ဘူး”လို့ ပြောတယ်၊ နောက် ဆေးကုတယ်၊ ဆေးကုရင်း
မီးကလည်းပျက်သွားသေးတယ်၊ မီးစက်လည်းမမောင်းဘူး၊ဒါနဲ့ လေးနာရီ
လောက်မှာ ဆုံးသွားတာ လို့  သေဆုံးခဲ့ရသူရဲ့ အမျိုးသမီးကပြောပါတယ်။

ဒီသေဆုံးမှုနဲ့ ပတ်သတ်ပြီး ဒေသခံပြည်သူ
တွေက စိတ်ဝင်တစားရှိနေသလို ရဲတွေရဲ့ တာဝန် ၀တ္တရားပါ့ လျော့မှုကိုလည်း အပြစ်တင်
နေကြပါတယ်။

ပုသိမ်မြို့၊ရွှေနင်းဆီလမ်းမှာနေတဲ့ သေဆုံးသူ
ကောင်လေးဟာ အသက်(၁၇)နှစ်ပဲရှိသေးပြီး မနက်ဖြန် သဂြိုဟ်မယ့်နေ့ သြဂတ်လလေးရက်
နေ့ ဟာ မင်္ဂလာဆောင်ပြီးနှစ်လတိတိပြည့်တဲ့ နေ့ လည်းဖြစ်ပါတယ်။

credit: မျိးမင်းပိုင် သြဂုတ်လ (၃)ရက် ၂၀၁၆
            ပုသိမ်သတင်းစုံ
Powered by Blogger.