ဝေဠုကျော်ဖောင်ဒေးရှင်း ပခုက္ကူ ရေအလှူတော်အဖွဲ့ရဲ့ သမိုင်းဝင်ညလေး တညပေါ့
ည၁၀နာရီလောက် ရွှေချောင်းက ဦးသန်းမြိုင်(ခ)သူကြီးက
ကျွန်တော်ထံဖုန်းဆက်လာပါတယ် ကိုဇာနည်ရေ ရွာထိပ်က
ရေဝင်နေတဲ့အိမ်တစ်လုံးမှာ မိသားစု ၄ဟောက်ပိတ်မိနေတယ်
ကူညီပါဆိုတာပထမကြည့်တဲ့အနေနဲ့ တစ်ယောက်ထဲ
ထွက်အလာ ရွှေချောင်းထိပ်ရောက်တော့ ညီငယ်မျိုးဇော်ထွေးနဲ့
မွှေးနီတို့ တွေ့တာနဲ့ ၃ယောက်ပူးပေါင်းပြီး ပိတ်မိနေတဲ့အိမ်ရှိရာကို သွားရောက်ရာ ရေက အိမ်ခေါင်ထိဖို့ နဲနဲဘဲလိုတော့တယ် ဒါနဲ့ အိမ်ဝင်းထရံတံခါးပေါက်ကို ဖျက်ုပီး အိမ်လေးထဲကို ရေငုပ်ဝင်ရောက်ခဲ့ရာ အိမ်ထဲတွင် တဟီးဟီးနှင့်ညီးနေသော အဖိုး နှင့် လေဖြတ်နေသော အဖွား ၁၃နှစ် နှင့် ၉ နှစ်အရွယ်မိန်းကလေး ၂ယောက်တို့နဲ့အတူ အိမ်ခေါင်ကို ကြိုးချည်ထားသော ကုတင်ပေါ်တွင် စိတ်မကောင်းဖွယ်တွေ့ရပါတယ်
ကုတင်နှင်ရေပြင်ဟာ တစ်ထွာခန့်သာကွာပါတယ် သူတို့တွေ
မှာလဲရေစိုနေတယ် ဒါနဲ့ ရွှေချောင်းအုပ်မှူးး ဦးကျော်နိုင်နဲ့တိုင်ပင်ပြီး မိမိတို့အဖွဲ့နဲ့အတူ ခရိုင်မီသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး
အဖိုး အဖွားနဲ့ သမီးငယ်လေးများကို အိမ်ခေါင်မိုးဖောက်ပြီး
ကယ်တင်ခဲ့ရပါတယ် ဒါဟာ ပခုက္ကူမြို့မှာ ဝေဠုကျော်ဖောင်ဒေးရှင်း ပခုက္ကူ ရေအလှူတော်အဖွဲ့ရဲ့ သမိုင်းဝင်ညပေါ့
အချိန်မရှိ နေရာမရှိ လူမျိုးဘာသာမရွေးကို ကူညီနေတဲ့ပုံရိပ်လေးပါ
Credit ဇာနည်