ပဲခူးမြို့ မှာ ဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုးရေးကိုစိမ်ခေါ်နေတဲ့ လုပ်ရပ်တွေ အကျင့်ပျက်ရဲဝန်ထမ်းတွေ လူမိုက်ဂိုဏ်းတွေကို ထိထိရောက်ရောက် အရေးယူပေးပါ



ဘယ်သတင်းတက်လာမလဲစောင့်နေတာ 
ကြက်မချိုသားဆိုတော့မီဒီယာတွေဖင်တွန့်နေပုံရတယ်
ချီးသန့် ဇင်ကတော့ မျက်ရည်တစမ်းစမ်းနဲ့  ရုပ်ရှင်ရိုက်
ကောင်းနေတဲ့ ကြက်မချိုကို ကိုယ်ဖိရင်ဖိစောင့်ရှောက်
ပေးနေလေရဲ့ 
             ယခင်က လူသတ်မှုနဲ့ ထောင်ခုနှစ်ကျခံရပြီး
(ခြောက်နှစ် အယူခံနိုင်ပြီးတစ်နှစ်သာ ကျခံရသူ့  ပဲခူး
တရားစီရင်ရေးကတစ်မျိုး) ကြက်မချို သား ငလက်မ(ခ) ဝမ်ချိုင်း နဲ့  ပထမနှစ်ကျောင်းသားဆိုသူ တို့ နှစ်ဦးက မနက် ကတည်းက ကောလိပ်ရှေ့ နဲ့ တခြားနေရာတွေ
မှာ ပြသာနာရှာနေခဲ့ပါတယ့့် ဒီလိုနဲ့ ညနေ ခြောက်ခွဲ
လောက်မှာ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းအကူတပ်
ခွဲကနေ ပဲခူးမြို့ မရဲစခန်းကို စက်ဘီးလှည့်ကင်းတာဝန်
ဆောင်ရွက်ဖို့ လာတဲ့ ရဲတပ်သားတစ်ဦးနဲ့  ပဲခူးကြိုး
တံတားနားက စိန်ဟင်းဆိုင်ရှေ့ အရောက်မှာပဲ ငလက်မ နဲ့ လူငယ်တစ်ဦးတို့ က ရဲတပ်သားလေးရှေ့ 
ဆိုင်ကယ်ဖြင့် ပိတ်ရပ်လိုက်ပြီးတပြိုင်နက် အရီုးအသွား
၁၆ လက်မရှီဓားဦးချွန်ဖြင့် ရဲတပ်သားရဲ့ လည်ပင်းပေါ်
ဓားတင်ဓားလိုက်ပြီး ရန်စပါတော့တယ် အဲဒီနောက်
တော့ မြို့ မရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့ ရောက်ရှိလာပြီး
ဖဖ်းဆီးပါတော့တယ် မဖဖ်းခင် "မချိုသားကွ"ဆိုပြီး
အော်ဟစ်ပြောဆို ခဲ့ပါတယ် ရဲတပ်သားလေးမှာ လည်ပင်းမှာလဲ ပြတ်ရှဒဏ်ရာ ရခဲ့ပြီး ငလက်မပါ နှစ်ဦး
ကို လက်နက်မှု ၊ ဝတ္တရားနှောင့်ယှက်မှုတို့ ဖြင့်တရားစွဲ
ဆိုထားသည့်အပြင် မှုးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိမရှိ 
ဆေးစစ်နေတယ်လို့ သိရပါတယ့့် 
  
      တစ်ခုပြောချင်တာက ရဲစခန်းတွင် ကိုမြေယာ အဲ
ကိုဧရာ ၊ ကိုဇော်ရှင်း ၊ ချီးသန့် ဇင် ၊တို့ မီဒီယာ အတော်
များများတွေ့ ရပြီး ကြက်မချို သားလည်းဆိုရော အကုန်
အာစီးဆို့ ကုန်ပါတော့တယ် ခရိုင်က ရဲအုပ် ယဉ်မင်းသိုက်ဆို စခန်းတောင် မဝင်ရဲတော့ဘူး . . . .
ငလက်မကကောဘာဆက်ဖြစ်မလဲ?
ယခင်လိုပဲ တစ်နှစ်လောက်နဲ့ ပြန်ထွက်လာမလား?
ရဲမင်းကြီးကကော ဘယ်လိုတုံ့ ပြန်မလဲ?
ဘာပဲဖြစ်ဖြစ် ပဲခူးမြို့ ရဲ့ တရားဥပဒေစိုးမိုးမှုကိုတော့
စောင့်ကြည့်ရမယ့်အနေအထားတစ်ခုပါ

Via: ပဲခူး အော်ပီကျယ်
Powered by Blogger.