ပုသိမ်၌ နှစ်ထပ်ကွမ်းစံချိန်တင်ခဲ့သော င၀န်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ


==============================

ပုသိမ်မြို့တွင် စံချိန်သစ် နှစ်ကြိမ်တိုင် တင်ခဲ့သော ငဝန်မြစ်ရေ သည် စိုးရိမ်ရေ မှတ် သည် စိုးရိမ်ရေ အမှတ်၏ အထက်တွင် နောက်ထပ် သုံးရက်အထိ ဆက် လက်ရှိ နေမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသ ကြီး မိုးလေဝသ နှင့် ဇလ ဗေဒ ဦးစီးဌာနသတင်းထုတ်ပြန်ချက်အရသိရှိရသည်။

ငဝန်မြစ်ရေသည် ဩဂုတ် ၁၃ ရက်က ပုသိမ်မြို့၏ စိုးရိမ်ရေမှတ် ၃၅၀ စင်တီ မီတာ ကို ကျော်လွန်၍ ၄၀၀ စင်မီတာသို့ ရောက်ရှိခဲ့ရာ ၁၁ နှစ်တာလအတွင်း စံချိန်သစ်တင်ခဲ့သော်လည်း ဩဂုတ် ၁၆ ရက်တွင် ၄၀၁ သို့ ရောက်ရှိ၍ ထပ်မံစံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၁၇ ရက်နှင့် ၁၈ ရက်နေ့များသည် ပင်လယ်ဒီရေမြင့်တက်မှု အမြင့် ဆုံးနေ့ ရက်များဖြစ်သောကြောင့် ငဝန်မြစ်ရေ(ပုသိမ်မြစ်ရေ) မြင့်တက်မှု သည် စိုးရိမ်ရေမှတ် ၃၅၀ အောက်သို့ ကျနိုင်ဖွယ်မရှိခြင်းဖြစ်ကြောင်း မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“မြစ်ညှာရေက ဆင်းနေဆဲပင်လယ်ဒီရေ မြင့်တက်ချိန် မိုးကလည်းရွာ နေမယ် ဆိုရင် ပုသိမ်မြို့ရဲ့ အနှိမ့် ပိုင်းနေရာ ရေပို မြုပ်လာနိုင်တယ်”ဟု ဧရာဝတီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှမြင့်က သုံးသပ်သည်။

ပုသိမ်မြို့တွင် မြစ်ရေလျှံမှုကြောင့် အခြေခံပညာကျောင်းများအားလုံး ပိတ်ထားရပြီး ပုသိမ်ရေ ဘေးရှောင်စခန်း ၅၇ခုတွင် ရေဘေးရှောင်သူ ၁၃၁၄၅ ဦးအထိ ခိုလုံနေရကြောင်း၊ ရေဘေးကြောင့် တံတား သုံးစင်းကျိုးပျက်၍ လယ်ဧက၂၁၃၃၁ ကျော် ရေနစ်မြုပ်ကာ လူငယ်တစ်ဦး ဓာတ်လိုက် သေ ဆုံးခဲ့သည်ဟု ပုသိမ်မြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီ ထံမှ သိရှိရသည်။

Credit>>>The Voice
Powered by Blogger.