ဘင်္ဂလားဒေရှ့်မှာ ရုပ်ရှင်အကြောင်း အငြင်းပွားရင်း လူပေါင်းရာနဲ့ချီ ခိုက်ရန်ဖြစ်ပွား


**************************************
လူကြိုက်များတဲ့ ရုပ်သံဇာတ်လမ်းတွဲအကြောင်း အငြင်းပွားကြရင်း လူပေါင်းရာနဲ့ချီ
 ရန်ဖြစ်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့က ပြောပါတယ်။

 ဖြစ်စဉ်မှာ ဟဘစ်ဂန်းဂ်ျဒေသက ဒီဟိုးရွာသားတွေဟာ အိန္ဒိယနိုင်ငံက ရိုက်ကူးထုတ်လုပ်တဲ့ ကီရန်မာလာ ရုပ်သံဇာတ်လမ်းတွဲကို ကြည့်ရှုဖို့ ကော်ဖီဆိုင် ကို ရောက်ရှိလာ ခဲ့ကြပါတယ်။

အဲ့ဒီနောက် ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး လူ(၂)ဦးက စတင်အငြင်းပွားခဲ့ကြရာကနေ အခြားသူတွေပါဝင်လာပြီး တုတ်တွေ၊ဓားတွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေ အသုံးပြုပြီး ပဋိပက္ခဖြစ်နေတဲ့ လူအုပ်ကြီးကို လူစုခွဲခဲ့ရပါတယ်။

ရန်ပွဲကြောင့် လူ(၁၀၀)နီးပါး ဒဏ်ရာရရှိခဲ့ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသူ(၁၅)ဦးကိုတော့ ဆေးရုံတင်ခဲ့ရပါတယ်။

5plus News
Powered by Blogger.