သူငယ်ချင်းကို အိပ်ဆေးကျွေး ခေါင်းဖြတ်ပြီး၊ ဒယ်အိုးထဲထည့်ပြုတ်ခဲ့တဲ့အဖွားအို
မသတ်ခင် အိပ်ဆေး အလုံး ၅၀ ကို အသုပ်ထဲ ကြိတ်ထည့်ခဲ့ပါတယ်။

Tamara Samsonova အမည်ရတဲ့ အသက် (68)နှစ်အရွယ် အဖွားအိုဟာ လွန်ခဲ့တဲ့ အနှစ်(20)ကျော်က လူသတ်မှု (11) မှုကို ကျူးလွန်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီသတ်ခဲ့တဲ့ လူတွေထဲမှာ သူမရဲ့ သူငယ်ချင်း Valentina Ulanova လည်း အပါအ၀င်ဖြစ်ခဲ့ပြီး အသက်ရှင်နေဦးမယ်ဆိုရင် (79)နှစ်အရွယ် ရှိပြီ ဖြစ်ပါတယ်။

လူသတ်ဧကရီမကြီး Tamara ကို Granny Ripper လို့ ဒေသခံသတင်းစာတွေက ကင်ပွန်းတပ်ခဲ့ပါတယ်။ သူမဟာဟာ St Petersburg မြို့မှာရှိတဲ့ အဆောက်ဦးကြီးတစ်ခုပေါ်မှာ လူသတ်မှုတွေကို စိမ်ပြေနပြေ ကျူးလွန်ခဲ့ပြီး CCTV မှတ်တမ်း
တွေလည်း အခိုင်အမာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Tamara ဟာ လူတွေကို သတ်ပြီး အလုံပြုတ်အိုးထဲမှာ ထည့်ပြုတ်ကာ အမိုက်ပုံကိုသွားရောက်စွန့်ပစ်ခဲ့ပါတယ်။ သွေးအေးအေးနဲ့ လူသတ်မှု ဒါဇင်နီးပါးကို ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်တရားခံ အဖွားအိုဟာ တရားရင်ဆိုင်ပြီး ပြန်အထွက်မှာတောင် သွေးအေးအေးနဲ့ သတင်းထောက်တွေကို Fly Kiss လုပ်ပြခဲ့သေးတယ်လို့လည်း သတင်းစာတွေက ရေးသားဖော်ပြခဲ့ပါ
တယ်။

ရုရှအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သူမကို သူငယ်ချင်းဖြစ်တဲ့ Valentina အပါအ၀င်၊ အခြားဆယ်ဦးကို သတ်မှုတွေအ
တွက် ခြေရာခံနိုင်ခဲ့ပါတယ်။ သူမဟာ သူငယ်ချင်းဖြစ်သူ Valentina ကို မသတ်ခင်မှာ ကော့တေးအရက်ထဲကို အိပ်ဆေး
အလုံး(50)ထည့်ပြီး တိုက်ခဲ့ပါတယ်။ နောက် လက်ထိုးလွှနဲ့ ခေါင်းကို ဖြတ်ခဲ့ပါတယ်။ အဲဒီနောက် အလုံပိတ်အိုးနဲ့ ခေါင်းကို ပြုတ်ခဲ့တယ်လို့လည်း CCTV မှတ်တမ်းမှာ တွေ့ရှိရပါတယ်။

အသတ်ခံခဲ့ရတဲ့ ဗယ်လန်တီနာယူလန်နိုဗာ
အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း အပိုင်းပိုင်းဖြတ်ပြီး ပလက်စတစ်အိတ်ထဲကိုထည့်ကာ အမှိုက်ပုံမှာ သွား
ရောက်စွန့်ပစ်ခဲ့ပါတယ်။ သူမသတ်ခဲ့တဲ့ သားကောင်တွေထဲမှာ ဂျာမန်၊ အင်္ဂလိပ်နဲ့ ရုရှအမျိုးသမီးတွေ ပါဝင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ယူဆချက်အရ သူငယ်ချင်းဖြစ်တဲ့ Valentina ဟာ မူမမှန်တဲ့ Tamara အကြောင်းကို ရိပ်မိသိရှိသွားခဲ့လို့ နှုတ်
ပိတ်တဲ့အနေနဲ့ သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

Tamara ဟာ Paranoid Schizophrenia ဆိုတဲ့ စိတ်ရောဂါကို ခံစားနေရတယ်လို့ Soviet-era Psychiatric Prison Hospital က ဆရာဝန်တွေက အတည်ပြုခဲ့ပါတယ်။ ဒီစိတ်ရောဂါကို ခံစားရသူတွေဟာ အလွန်ကြောက်စရာကောင်းပြီး အပြင်ပန်းမှာ ထင်မှတ်မထားလောက်အောင် အေးဆေး တည်ငြိမ်သူတွေဖြစ်ကာ ရာဇ၀တ်မှုတွေကိုဆိုရင် ပိပိရိရိ လုပ်
ဆောင်တတ်တယ်လို့ သိရပါတယ်။ သူမဟာ အခြားသူတွေကိုလည်း အိပ်ဆေးကို နည်းအမျိုးမျိုး ကျွေးခဲ့ကာ သတ်ခဲ့
တယ်လို့ ယုံကြည်ရပါတယ်။

Tamara ဟာ နိုင်ငံခြားသားဧည့်သည်တွေနဲ့ စည်းကားတဲ့ စိန့်ပီတာစဘက်မြို့က ဟော်တယ်တစ်ခုမှာ အလုပ်လုပ်ခဲ့သူ
ဖြစ်ပြီး သူမရဲ့မှတ်တမ်းစာအုပ်ထဲမှာလည်း ရုရှ၊ အင်္ဂလိပ်၊ ဂျာမန်ဘာသာတွေနဲ့ သူမရဲ့ ပြုမှုပုံတွေကို အသေးစိပ် မှတ်
တမ်းတင်ထားသေးတယ်လို့လည်း သိရပါတယ်။ အဲဒီ သတ်ဖြတ်ခံရသူတွေထဲမှာ သူမရဲ့ မိထွေး၊ ခင်ပွန်းတို့လည်း ပါ
ဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူမရဲ့ မှတ်တမ်းထဲမှာ “ဆိုးဆိုးဝါးဝါး အိပ်ပျော်”-” ကော်ဖီသောက်ပါဦး”-” ဆေး
လေး နည်းနည်းပါးပါး သောက်လိုက်ပါ” စတဲ့ စကားလုံးတွေကိုလည်း တွေ့ခဲ့ရပါတယ်။
Tamara ကို တရားရုံးက လောလောဆယ် Kazan Psychiatric Hospital of Special Purpose အထူးဆေးရုံမှာ အ
စောင့်အကြပ်နဲ့ထားရှိပါတယ်။ သူမ သတ်ခဲ့တဲ့ သူတွေထဲမှာ နောက်ထပ် ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက် ပါ
ဝင်ခဲ့ပြီး Anna Batalina လို့ အမည်ရပါတယ်။ အဲဒီသူငယ်ချင်းကိုတော့ သူမရဲ့ မိထွေးကို သတ်ခဲ့တာကို သိခဲ့လို့ နှုတ်
ပိတ်တဲ့အနေနဲ့ သတ်ခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ ခင်ပွန်းကိုတော့ နောက်မိန်းမနဲ့ ဖောက်ပြန်တယ်လို့ သံသယရှိကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ Tamara နဲ့ အ
ခန်းချင်းကပ်နေဖူးတဲ့ အသက်(53)နှစ်အရွယ် Marina Krivenko ရဲ့ ဖွင့်ဟချက်အရ ရာဇ၀တ်သား Tamara ဟာ ရုရှလူသတ်ရာဇာ Andrei Chikatilo ကို အလွန်သဘောကျနှစ်ခြိုက်သူဖြစ်တယ်လို့ သိရပါတယ်။ Andrei Chikatilo ကို 1994 ခုနှစ်မှာ သေဒဏ်စီရင်ခဲ့ပါတယ်။
အခုလောလောဆယ်တော့ Tamara ကို စိတ်ကျန်းမာရေးဆေးရုံမှာ အထူးအစောင့်အကြပ်နဲ့ ထားပြီး၊ တရားရုံးက အပြီးသတ် အမိန့်တော့ ချမှတ်ခြင်း မပြုသေးပါဘူး။ ဒါပေမယ့် သတင်းစာတွေရဲ့ ထင်မြင်ချက်အရတော့ သေဒဏ်နဲ့၊ ကျွန်းဒဏ် နှစ်ခုထဲက တစ်ခု ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။
Source & Photos : Metro