ဗဟန်းမြို့နယ်တွင် လူသတ်မှုဖြစ်ပွားကာ မိခင်ဖြစ်သူ သေဆုံးပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရ


ဗဟန်းမြို့နယ် ဥဿဖယားလမ်းရှိ တိုက်အမှတ် ၃၄ တွင် ယနေ့ (သြဂုတ် ၂၉ရက်) နံနက် နှစ် နာရီခန့်က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မှုခင်းဖြစ်ပွားခဲ့သည့် နေအိမ်တွင် မိသားစု လေးဦး နေထိုင်ပြီး သေဆုံးသူမှာ အသက် ၄၁ နှစ်အရွယ်ရှိ ဒေါ်ခိုင်မာလာဖြစ်ကြောင်း သိရသည်။ ပြစ်မှုဖြစ်ပွားစဉ် သေဆုံးသူ၏ အသက် ကိုးနှစ်အရွယ် သမီးနှင့် အသက် ရှစ်နှစ်အရွယ် သားတစ်ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ကနဦး သတင်းများအရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ဒေါ်ခိုင်မာလာ၏ အဒေါ် ဒေါ်တင်တင်အေးက ဗဟန်းရဲစခန်းတွင် (ပ)၂၅၅/ ၂၀၁၆ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၀၅ဖြင့် တရားလိုပြုလုပ်ကာ အမှုဖွင့်ထားကြောင်း ဗဟန်းမြို့မရဲစခန်းမှ သိရသည်။

သတင်းနှင့် ဓာတ်ပုံ - သက်မင်း

Credit: ELEVEN


Powered by Blogger.