ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင်ကို မူယစ်ဆေးဝါးအမူနဲ့ပုဇွန်တောင်မြို့မရဲစခန်းမှအမူ ဖွင့်စစ်ဆေးနေ

ရန်ကုန် သြဂုတ် ၂၉ ရက်။ ။ ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို
ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ နဲ့ ပုဇွန်တောင်မြို့မ ရဲစခန်းမှာအမူဖွင့်စုံစမ်းစစ်
ဆေးနေတယ်လို့သိရပါတယ်။
သြဂုတ်လ ၂၉ ရက် နံနက် ၄ နာရီအချိန်ခန့်က သရုပ်ဆောင်မိုးအောင်ရင်ကို ပုဇွန်
တောင်မြို့နယ် ၂ ရပ်ကွက် မှာဖမ်းစီးရမိခဲ့ပြီး မယ (ပ) ၆/၂၀၁၆ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း
လဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅ / ၁၆ (ဂ)နဲ့ အမူဖွင့်စစ်ဆေးနေတယ်လို့
ပုဇွန်တောင်မြို့မ ရဲစခန်းမှသိရပါတယ်။
ဖြစ်စဉ်ကတော့ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်က မူးယစ်တပ်ဖွဲ့စု ၄၂ မှတပ်ဖွဲ့ဝင်
များတာမွေမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲဝင်များ နဲ့သက်သေများအဖွဲ့ဟာ မူးယစ်ဆေးဝါးကြိုတင်သတင်းအရ
တာမွေမြို့နယ် တာမွေ ၄ ရပ်ကွက် လေးထောင့်ကန် လမ်း၊ မ-N 7 ၊အခန်း အမှတ် ၁၀၁ နေသူ
မိုးအောင်ရင်နေအိမ်ကို မူးယစ်ဆေးဝါးရှာဖွေ ၀ရမ်းအမှတ် ( ၅၄/၁၆ ) နဲ့ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
မိုးအောင်ရင်ကိုနေအိမ်မှာမတွေ့ရှိဘဲ ပုဇွန်တောင်မြို့နယ် ၂ ၇ပ်ကွက် နေကြာ/သာယာကုန်းလမ်း
တိုက် ၃၄ ၊ ၆လွှာ ( ယာ) မှာနေထိုင်ကြောင်းသိရှိရတာကြောင့်နံ့နက် ၄နရီအချိန်မှာ တာဝန်ရှိသူတွေ
ကမူးယစ်ဆေးဝါး ရှာဖွေ ၀ရမ်းအမှတ် ၅၅/ ၁၆ နဲ့ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ မိုးအောင်ရင် ကိုအဆိုပါနေအိမ်မှာတွေ့ရှိပြီးသူလွယ်ထားတဲ့ အညိုရောင်လည်သာအိတ်အတွင်း
မှရွှေရောင်ဇစ်ဆွဲအိတ်အတွင်း အဖြူရောင် ပလတ်စတစ်အိတ်နဲ့ထည့်ထားတဲ့ ICE ဟုယူဆရသောမူး
ယစ်ဆေးဝါး ၁ ဂရမ်ခန့် ၊ကာလတန်ဖိုးရှစ်သောင်းကျပ်ခန့် ၊မိုးအောင်ရင်အမည်ပါနိုင်ငံသားစိစစ်ရေး
ကဒ်ပြားတစ်ခု ရွှေအိုရောင် Iphone 6 တစ်လုံးနဲ့ဆင်းကဒ်တစ်ခုကိုတွေ့ရှိရတာကြောင့်သက်သေ
များအရှေ့သိမ်းဆည်းခဲ့ပြီး ဥပဒေ အရအရေးယူပေးဖို့အမူဖွင့်ခဲ့တာဖြစ်တယ်လို့ တာမွေမြို့မ ရဲစခန်း
ကသိ၇ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သတ်ပြီး အင်္ဂလန်မှာရောက်ရှိနေတဲ့ ဖခင် အဆိုတော် အောင်ရင်
ဟာလည်းသူ့ရဲ့လူမူကွန်ယက်စာမျက်နှာမှာ အားလုံးကိုဝမ်းနည်းစွာနဲ့အသိပေးချင်ပါတယ် ကျွန်တော်
မကြုံချင်တဲ့ နေ့ကိုမနေ့ညက စိတ်မကောင်းကြီးစွာနဲ့ဖြတ်ကျော်ခဲ့ရပါတယ်။ကျွန်တော့သားနဲ့သူ့
သူငယ်ချင်းကိုမူးယစ်ဆေးဝါးသုံးစွဲမူနဲ့မနေ့ညကအဖမ်းခံရကြောင်းသိရပါတယ်။ကျွန်တော့ရဲ့ဆုံးမသွန်
သင်မူအင်မတန်ညံ့ဖျင်းခဲ့လို့ထင်ပါတယ်။မိဘတိုင်းဒီလိုသောကမျိုးတွေကင်းဝေးကြပါစေ လို့ရေးသား
ဖော်ပြထားတယ်လို့လည်းသိရပါတယ်။
author ခတ္တာဖြူ၊ ဖြိုးစန္ဒာ
