ဆိုင်ကယ်ဖြင့်လှည့်လည်သွားလာကာ လုယက်မှုကျူးလွန်သူ ၄ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိပြီး စစ်ဆေးရာမှ အခြားလုယက်မှု ၇ မှု ထပ်မံ ဖော်ထုတ်နိုင်
ရန်ကုန်၊ သြဂုတ် ၂၅
၁.၈.၂၀၁၆ ရက်နေ့ ၁၄၄၀ အချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊
အမှတ်(၃)လမ်းရှိ မိုင်တိုင်အမှတ်(၃/၁)အနီးတွင် ဆိုင်ကယ်စီးလာသူ
အမျိုးသမီးထံမှ အမျိုးသား(၄)ဦးက ဆိုင်ကယ်(၃)စီးဖြင့်နောက်မှလိုက်
လာပြီး လုယက်ခဲ့ကြရာ အမျိုးသမီး၏ဆိုင်ကယ်နှင့်ရွှေဆွဲကြိုး၊ လက်ကိုင်
ဖုန်း(၃)လုံး၊ အသုံးအဆောင်ပစ္စည်းများ၊နိုင်ငံသား စိစစ်ရေးကတ်၊ ငွေကျပ်
၁ သိန်း၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၁၂၆၄၅၀၀)မှာပါဆုံးသွားခဲ့သဖြင့်
ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၃၃၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ
၃၈၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ
တပ်ဖွဲ့ဝင်များနှင့် ထောက်ကြန့်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက စုံစမ်း
ဖော်ထုတ်ခဲ့ရာ ရွှေပြည်သာမြို့နယ် နေ ဝေယံ(ခ)ဝေယံအောင်၊ (၂၁)နှစ်၊
မင်္ဂလာဒုံမြို့နယ်နေ စိုးကြီး(ခ)ချစ်စိုး၊ (၃၅)နှစ်၊ ထောက်ကြန့်နေ သားကြီး
(ခ)ထွန်းထွန်းဝေ၊ (၂၅)နှစ်၊ အင်းစိန်မြို့နယ်နေ ကုလား(ခ)နိုင်ဝင်းထွေး
(၂၆)နှစ်တို့မှ ကျူးလွန်ခြင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ ၄ ဦးကို
သြဂုတ်လ ဒုတိယပတ်အတွင်းက အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတို့အား အခြားလုယက်မှုများကျူးလွန်ခြင်းရှိ/မရှိ စစ်ဆေးချက်အရ
၎င်းတို့သည် နှစ်ဦး၊ သုံးဦး၊ လေးဦး စသည်ဖြင့် အတူပူးပေါင်း၍ ဆိုင်ကယ်
ဖြင့်လှည့်လည်သွားလာကာ မေလအတွင်းက ည ၇ နာရီခွဲအချိန်ခန့်တွင်
ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမပေါ်၌ စက်ဘီးစီးလာသူ အမျိုးသမီး
၏လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲကြိုး ၁ ကုံးအားလည်းကောင်း၊ ဇူလိုင်
လအတွင်း နေ့ရက်များက ည ၇ နာရီအချိန်ခန့်တွင် အင်းစိန်မြို့နယ်ရှိ
ဂုံးတံတားပေါ်၌ စက်ဘီးစီးလာသူ အမျိုးသားအားခြိမ်းခြောက်၍ ရွှေလက်စွပ်
၁ ကွင်းအားလည်းကောင်း၊ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ရွှေပြည်သာ
မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ စက်ရုံအနီး၌ စက်ဘီးစီးလာသူ အမျိုးသမီး
အား ဆိုင်ကယ်ဖြင့်ဝင်တိုက်ပြီးလဲကျသွားစဉ် လည်ပင်းတွင်ဆွဲထားသော
ရွှေဆွဲကြိုး ၁ ကုံးနှင့် နံနက် ၈ နာရီခွဲအချိန် ခန့်တွင် အမှတ်(၁)ရပ်ကွက်၊
မိကျောင်းအိုင်ရွာသစ်၊ ပေပါကွေ့မှတ်တိုင်အနီးတွင် လမ်းလျှောက်လာသူ
အမျိုးသမီးထံမှ လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲကြိုး ၁ ကုံးအားလည်း
ကောင်း၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မှော်ဘီမြို့နယ်၊ ရေတွင်းကုန်း
ကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် HONDA Wave ဆိုင်ကယ်
စီးနင်းလာသူ အမျိုးသားနှင့် အမျိုးသမီးတို့အား ၀က်အူလှည့်ဖြင့်ထိုးမည်ဟု
ခြိမ်းခြောက်၍ ဆိုင်ကယ်အားလည်းကောင်း၊ သြဂုတ်လ ၃ ရက်နေ့က
နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ ကျောင်းလမ်းနှင့်
အမှတ်(၄)လမ်း ထောင့်အနီးတွင် အမျိုးသားနှင့် အမျိုးသမီးတို့ စက်ဘီး
စီးနင်းလာစဉ် အမျိုးသမီး၏လည်ပင်းတွင်ဆွဲထားသော လော့ကက်သီးပါ
ရွှေဆွဲကြိုး ၁ ကုံးအားလည်းကောင်း၊ သြဂုတ်လ ၇ ရက်နေ့က ညနေ
၅ နာရီခွဲအချိန်ခန့်တွင် တိုက်ကြီးမြို့နယ်၊ ယင်းတိုက်ကွင်းကျေးရွာ၊
ရန်ကုန်-ပြည်ကားလမ်းတွင် SUZUKI Smash ဆိုင်ကယ်စီးနင်းလာသူ
အမျိုးသားနှင့် အမျိုးသမီးတို့အား ၀က်အူလှည့်ဖြင့် ထိုးမည်ဟုခြိမ်းခြောက်၍
ဆိုင်ကယ်အားလည်းကောင်း လုယက်ခဲ့ကြကြောင်းပေါ်ပေါက်ခဲ့ပြီး ယင်းသို့
လုယက်မှုကျူးလွန်စဉ် အချို့အမှုများ၌ မြောက်ဥက္ကလာပမြို့နယ်နေ ကျော်ထူး
(ခ)သန်းထွဋ်ကြွယ်လည်းပါဝင်ကြောင်း သိရှိရသဖြင့် ၎င်းအားဖမ်းဆီးရမိရေး
ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။
ပေါ်ပေါက်ချက်များအရ ၎င်းတို့လုယက်ခဲ့သည့် သက်သေခံပစ္စည်းများနှင့်
လုယက်မှုကျူးလွန်ရာတွင် အသုံးပြု သည့် ၀က်အူလှည့်၊ ဆိုင်ကယ်နှစ်စီး
အား သိမ်းဆည်းနိုင်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် အမှုများ
ရေးဖွင့်ကာ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။
Ref: Yangon Police