ဧည့်သည်များကို ဖျော်ဖြေရန် ဖော်ချွတ်အကမယ်များ ငှားရမ်းခဲ့သည့် အသုဘအခမ်းအနား ရုပ်သံ


တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ သူမသေဆုံးခင်မှာ သူ့ရဲ့အသုဘအခမ်းအနားအတွက် ဖော်ချွတ်အကမယ်တွေကို ငှားရမ်းဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။ မစ္စတာကျင်းဆိုသူ အမျိုးသား သေဆုံးပြီးနောက် သူ့ရဲ့ဆန္ဒအတိုင်း ကျန်ရစ်ခဲ့သူတွေက အသုဘအခမ်းအနားမှာ ဖော်ချွတ်အကမယ်တွေ ငှားရမ်းပေးခဲ့ရပါတယ်။   အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှတ်တမ်းအရ တရုတ်ပြည်တွင်း အကမယ်နှစ်ဦးဟာ မစ္စတာကျင်းရဲ့ ခေါင်းတလား နံဘေးမှာ Maroon 5 ရဲ့ Move Like Jagger သီချင်းနဲ့ မြူးမြူးကြွကြ ကပြနေခဲ့တာ တွေ့ရပါတယ်။ သေဆုံးသူ အမျိုးတွေရဲ့ ရှေ့မှာပဲ ကပြဖျော်ဖြေနေကြတာဖြစ်ပြီး အကမယ်တစ်ဦးဆိုရင် သူ့ရဲ့ခန္ဓာကိုယ် တစ်ဝက်လောက်ကို ခေါင်းတလားပေါ် တင်ပြီး ကပြလိုက်ပါသေးတယ်။ play ဒီလို အကမယ်တွေ ခေါ်ယူလိုက်ခြင်းအားဖြင့် သူ့ရဲ့ အသုဘအခမ်းအနားကို လူအများအပြားလာရောက်ကြမယ်လို့ မစ္စတာကျင်းက မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ဒီအသုဘအခမ်းအနား ပြုလုပ်ခဲ့တဲ့ အချိန်အားဖြင့် လအနည်းငယ် ကြာမြင့်နေပြီဖြစ်ပြီး အခုမှ လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာပါ။ တရုတ်ပြည်မှာတင်မဟုတ်ပဲ ထိုင်ဝမ်မှာလည်း အသုဘအခမ်းအနားအချို့မှာ လူစည်ကားဖို့ ဖော်ချွတ်အကမယ်တွေကို ဖိတ်ခေါ်တာမျိုးတွေရှိပါတယ်။ တရုတ်နိုင်ငံအတွင်း အသုဘအခမ်းအနားတစ်ခု မှ ဖျော်ဖြေမှု ဒီလိုလုပ်ဖို့ ပွဲစီစဉ်ခဲ့သူနဲ့ ဖျော်ဖြေသူအားလုံးကို အာဏာပိုင်တွေက အရေးယူခဲ့တယ်လို့ သိရပါတယ်။ တရုတ်ပြည်မှာ အသုဘအခမ်းအနားဆိုရင် ထူးထူးခြားခြား လုပ်တတ်ကြပြီး အချို့ကတော့ သေဆုံးသူကို တကယ့်သက်ရှိထင်ရှား ရှိနေသလို ပြင်ထားပေးတတ်ကြပါတယ်။

 DUWUN 

Powered by Blogger.