စစ်ကိုင်းတိုင်း ခင်ဦးမြို့တွင် ဆေးခန်းအား အနုကြမ်းစီးမှု ဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ အောင်ချမ်းသာရပ်ကွက်တွင် ဒေါက်တာမြဇော် ၏ နေအိမ်ဆေးခန်း၌ သြဂုတ်လ (၁)ရက်နေ့ ယနေ့  နံနက် ၆နာရီ၁၅မိနစ်ခန့် က အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ဒေါက်တာ တာဝန်ကျနေချိန်၌ အိမ်တွင် ဒေါက်တာ၏ဇနီးသည်နှင့် သူ၏ကလေးငယ် အိမ်တွင်ကျန်ခဲ့သည်ကို အခွင့်ကောင်းယူကာ တရားခံများက ဒေါက်တာရှိလားဟုမေးပြီ ဝင်လာကာ ဒေါက်တာ၏ဇနီး တံခါးအဖွင့်တွင် လက်ဖြင့် ပါးစပ်ကိုပိတ်ခါ ခုံဖြင့်ရိုက်ပြီ တိတ်ကိုအသုံး၍ လှေခါးနားတွင် လက်ကိုပတ်၍ အိမ်လှေခါးနားတွင် တုတ်ထားပြီး ထားခဲ့ပါသည်။ ပါးစပ်ကိုလဲတိတ်များဖြင့် ပိတ်ထားသည်။ ထို့နောက် ဆွဲကြိုးရှိလားဟု မေးကြည့်ပြီး လက်ဝတ်လက်စားရွှေများ မရှိသည့်အတွက် ဆေးကုသ၍ ရသောပိုက်ဆံများကိုသာ ယူဆောင်သွားကြောင်းသိရသည်။ ဆေးခန်းမှ ဆေးကုသငွေများသာ ယူဆောင်သွားကြောင်း သိရသည်။ သံသယရှိသူများကို ဖမ်းစီးပြီး ရွှေဘိုခရိုင်ရဲတပ်ဖွဲ့များနှင့် ပူပေါင်းကာ အမြန်ဆုံး ဖော်ထုတ်သွားမည်ဟု သိရပါသည်။
BY သစ်ထူးလွင်