ကားသမားရဲ့ ရုတ်တရတ်ပေါ့ဆမှု့ကြောင့် ကျောင်းသူလေး ၂ ဦး ဒုက္ခရောက်


***************************************
31/8/2016 မနက် ၆း၀၀ နာရီ အချိန်ခန့် ကော့ကရိတ် အဝင် အထက၂ အနီး မွေးမြူရေးဇုံအရှေ့တွင် ကျောင်းသို့ ကျောင်းတက်ရန် လာသော ကော့ကရိတ် မြွေးမြူရေးဇုံတွင် နေထိုင်ကြသော မနိုင်နိုင်မော် ၁၄နှစ် ဦးစိုးဝင်း ဒေါ်မုကလုံ၏ သမီးဖြစ်သူနှင့် ဆိုင်ကယ် မောင်းသူ ဝမ်းကွဲအမတော်သူ ဦးဘုဒေါ်တင်မြင့်၏ သမီး ကော့ကရိတ် ဆေးရုံဝန်ထမ်း မဇင်ဝေမိုး ၂၀ နှစ် ပထမနှစ် ကျောင်းသူတို့ မောင်းနှင်လာသော ဆိုင်ကယ် အား ကားသမားက ဖုန်းကျ၍ ငုံကောက်စဉ် တိုက်မှု့ ဖြစ်ပွားခဲ့။
နဝမတန်းကျောင်းသူ မနိုင်နိုင်မော် မေးကွဲ အောက်နှုတ်ခမ်းကွဲ ခြေထောက်ဝဲယာ ခြေသလုံး နှစ်ချောင်းလုံး ကျိုးသွား၊ သုံးချောင်းကျွတ် တံတောင်ဆစ် ပွန်းပဲ့။ မဇင်ဝေမိုး သတိလစ် ဒူနှစ်ဖက် ထိခိုက် ခြေလက်မျက်နှာ စုတ်ပြတ် ပွန်းပဲ့ ရင်ဘတ်ထိ ခြေထောက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကော့ကရိတ် ကယ်ဆယ်ရေး RESCUE အဖွဲ့မှ အရေးပေါ် ကူညီခဲ့။ ဒဏ်ရာများအား စစ်ဆေးပြီး ကော့ကရိတ် ဆေးရုံအရေးပေါ် ဌာနသို့ ပိုဆောင်ပေးခဲ့ပြီး လိုအပ်သည်များပူးပေါင်းဆောင်ရွက်ပေးနေပါသည်။
ကိုလူပျို (ကော့ကရိတ် Rescue)

Via - Zin Moe



Powered by Blogger.