facebook လူမှုကွန်ရက်စာမျက်နှာပါ ရန်ကင်းမြို့နယ်၌ ရပ်ထားသော မော်တော်ယာဉ်အတွင်းမှ ပစ္စည်းများခိုးယူသွားသူ ၂ ဦးကို ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၃၁
၅.၈.၂၀၁၆ ရက်နေ့တွင် facebook လူမှုကွန်ရက်စာမျက်နှာများ၌ ရန်ကင်း
မြို့နယ်၊ အနော်ရထာလမ်းနှင့် ရန်ကင်းလမ်းသွယ်(၄)လမ်းထောင့်ရှိ
ရှမ်းခေါက်ဆွဲဆိုင်ရှေ့တွင် အမျိုးသမီးတစ်ဦးမှ ၎င်း၏ SURF အနီရောင်
မော်တော်ယာဉ်အား ရပ်ထားခဲ့ပြီး ၄ နှစ်အရွယ်သမီးဖြစ်သူအား ယာဉ်
အတွင်း၌ထားခဲ့ကာ ရှမ်းခေါက်ဆွဲသွားရောက်ဝယ်စဉ် အမျိုးသား
၂ ဦးမှ ၎င်းမော်တော်ယာဉ်အတွင်းရှိ ပစ္စည်းများအား ခိုးယူသွားကြောင်းကို
၎င်း၏ facebook လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မှတ်တမ်းဓာတ်ပုံများ
ဖြင့်ဖော်ပြပြီး အကူအညီ တောင်းခံထားသည့်အကြောင်းအရာများ ပြန့်နှံ့
လျက်ရှိသည်ကိုတွေ့ရှိရပါသည်။
ယင်းသို့ ဖော်ပြပါပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးရမိရေးအတွက် ရန်ကုန်
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး
မှတပ်ဖွဲ့ဝင်များနှင့် ရန်ကင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက အဖွဲ့များခွဲ၍
မြို့နယ်များအတွင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ တိုက်ဆိုင်စုံစမ်းဆောင်
ရွက်ခဲ့ရာ ၃၀.၈.၂၀၁၆ ရက်နေ့ ၀၉၁၀ အချိန်တွင် ရန်ကင်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များက ရန်ကင်းမြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ်
(၃)ရပ်ကွက်၊ ရန်ရှင်းလမ်းရှိ ထမင်းဆိုင်ရှေ့တွင်ရပ်ထားသော အငှားယာဉ်
အနီးသို့ ဖော်ပြပါအမျိုးသားနှစ်ဦးမှ ချဉ်းကပ်လာပြီး ကားတံခါးဖွင့်နေစဉ်
တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတို့ ၂ ဦးမှာ မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူများဖြစ်ပြီး
ကရင်လေး(ခ)သိန်းဝင်း၊ ၂၃ နှစ်နှင့် ကျော်စွာ၊ (၂၈)နှစ်တို့ဖြစ်ကြောင်း
သိရှိရ၍ စစ်ဆေးရာ ၄.၈.၂၀၁၆ ရက်နေ့က ရန်ကင်းမြို့နယ်၊ အနော်ရထာ
လမ်းနှင့် ရန်ကင်းလမ်းသွယ်(၄)လမ်းထောင့်ရှိ ရှမ်းခေါက်ဆွဲဆိုင်ရှေ့တွင်
ရပ်ထားသော မော်တော်ယာဉ်အတွင်းမှ ပစ္စည်းများခိုးယူခဲ့ကြောင်း
ပေါ်ပေါက်ခဲ့ပြီး အခင်းဖြစ်စဉ်က ၎င်းတို့အသုံးပြုခဲ့သော အသုံးအဆောင်
ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ကာ အမှုမှပါဆုံးသွားသော သက်သေခံ
ပစ္စည်းများအနက် Emporio Armani စာတမ်းပါမျက်မှန်အား သိမ်းဆည်း
နိုင်ခဲ့ပြီး ကျန်သက်သေခံပစ္စည်းများသိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက်
ရှိကြောင်းနှင့် အခြားခိုးမှုများ ကျူးလွန်ခြင်းရှိ/မရှိ ဆက်လက်စစ်ဆေးလျက်
ရှိကြောင်း သတင်းရရှိပါသည်။
Ref: Yangon Police

