ေလးေကာင္ဂ်င္ေလာင္းကစားျပဳလုပ္သူမ်ားအား ေလာင္းေၾကးေငြက်ပ္(၃၇)သိန္းေက်ာ္ႏွင့္အတူ ဖမ္းဆီးရမိ
ေနျပည္ေတာ္၊ စက္တင္ဘာ ၉
၂၀၁၆ ခုႏွစ္၊ စက္တင္ဘာလ ၈ ရက္ေန႔ ညေန ၄ နာရီ ၁၅ မိနစ္အခ်ိန္ မႏၲေလးတိုင္း ေဒသႀကီး၊ စဥ့္ကိုင္ၿမိဳ႕နယ္၊ ပလိပ္အုပ္စု၊ အင္းလ်ားအေရွ႕ရြာေတာင္ဘက္ ေက်ာ္သူရ ၏ သရက္ၿခံ အတြင္း ေလးေကာင္ဂ်င္ေလာင္းကစားျပဳလုပ္ေနေၾကာင္းသတင္းအရ ေက်ာက္ဆည္ခရိုင္ ရဲတပ္ဖြဲ႕ မႉး႐ုံးမွ တပ္ဖြဲ႕ဝင္မ်ား၊ ေက်ာက္ဆည္ၿမိဳ႕မရဲစခန္း၊ ကူမဲနယ္ေျမရဲစခန္းႏွင့္ မင္းစုရဲကင္းစခန္းတို႔မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာပူးေပါင္းအဖြဲ႕က သက္ေသမ်ားႏွင့္အတူ သြားေရာက္ဖမ္းဆီးရာ ဝမ္းတြင္း ၿမိဳ႕နယ္၊ ေရႊကူရြာေန ဦးတိုးၾကည္(၆၃)ႏွစ္၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ဓမၼစက္ရိတ္ရြာေန ေအးကို(၅၀)ႏွစ္၊ စစ္ကိုင္းၿမိဳ႕နယ္၊ ေသာင္ရင္းရြာေန ေက်ာ္ေအး(၄၅)ႏွစ္၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ မင္းတဲအီကင္း ရပ္ကြက္ေန ေအာင္စိုး(၄၁)ႏွစ္၊ တစ္ရပ္တည္းေန မျမင့္ျမင့္ခိုင္(၄၇)ႏွစ္၊ စစ္ကိုင္းၿမိဳ႕နယ္၊ အာေလာင္ ရြာေန မင္းနိုင္ဦး(၂၈)ႏွစ္၊ စစ္ကိုင္းၿမိဳ႕၊ ပိုးတန္းရပ္ေန မၾကဴၾကဴလွိုင္(၄၀)ႏွစ္တို႔အား ေလးေကာင္ ဂ်င္ႏွင့္ ဖဲေလာင္းကစားျပဳလုပ္ရာတြင္အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ ေလာင္းေၾကးေငြက်ပ္ (၃,၇၈၆,၀၀၀)က်ပ္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သျဖင့္ သရက္ၿခံပိုင္ရွင္ ေက်ာ္သူရႏွင့္ တိုးၾကည္ ပါ(၇)ဦးတို႔အား ပလိပ္နယ္ေျမရဲစခန္း(ပ)၇၈/၂၀၁၆၊ ေလာင္းကစားဥပေဒပုဒ္မ ၁၃(က)/၁၄(က) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။
လေးကောင်ဂျင်လောင်းကစားပြုလုပ်သူများအား လောင်းကြေးငွေကျပ်(၃၇)သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၉
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်အုပ်စု၊ အင်းလျားအရှေ့ရွာတောင်ဘက် ကျော်သူရ ၏ သရက်ခြံ အတွင်း လေးကောင်ဂျင်လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့ မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့မရဲစခန်း၊ ကူမဲနယ်မြေရဲစခန်းနှင့် မင်းစုရဲကင်းစခန်းတို့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးရာ ဝမ်းတွင်း မြို့နယ်၊ ရွှေကူရွာနေ ဦးတိုးကြည်(၆၃)နှစ်၊ ပုသိမ်ကြီးမြို့နယ်၊ ဓမ္မစက်ရိတ်ရွာနေ အေးကို(၅၀)နှစ်၊ စစ်ကိုင်းမြို့နယ်၊ သောင်ရင်းရွာနေ ကျော်အေး(၄၅)နှစ်၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်း ရပ်ကွက်နေ အောင်စိုး(၄၁)နှစ်၊ တစ်ရပ်တည်းနေ မမြင့်မြင့်ခိုင်(၄၇)နှစ်၊ စစ်ကိုင်းမြို့နယ်၊ အာလောင် ရွာနေ မင်းနိုင်ဦး(၂၈)နှစ်၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်နေ မကြူကြူလှိုင်(၄၀)နှစ်တို့အား လေးကောင် ဂျင်နှင့် ဖဲလောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေကျပ် (၃,၇၈၆,၀၀၀)ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် သရက်ခြံပိုင်ရှင် ကျော်သူရနှင့် တိုးကြည် ပါ(၇)ဦးတို့အား ပလိပ်နယ်မြေရဲစခန်း(ပ)၇၈/၂၀၁၆၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
#ရဲဇာနည္
