မြောက်ဒဂုံတွင်နေ့ခင်းကြောင်တောင်ဓားထောက်လုယက်သူသုံးဦးကိုဖမ်းမိ
===================
ဒဂုံမြို့သစ်မြောက်ပိုင်း မြို့ဦးစေတီအနီးတွင် စက်ဘီးစီး လာသည့် အသက် (၂၉)နှစ်အ ရွယ် အမျိုးသားတစ်ဦးကို ဆယ် ကျော်သက် လူငယ်သုံးဦးက နေ့ ခင်းကြောင်တောင် ဓားထောက် လုယက်မှုဖြစ်ပွားခဲ့ရာ လုယက်သူသုံးဦးကို နာရီပိုင်းအတွင်း ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း (၃၃)ရပ်ကွက်နေ အသက်(၂၉)နှစ်အရွယ် ကိုဝင်းထွဋ်ဦး သည် တောင်-မြောက်လမ်းဆုံ အနီးရှိ ဆောက်လုပ်ရေးပစ္စည်းဆိုင် ၌ ရေ တံ လျှောက်ဝယ်ယူပြီး အပြန်တွင် လု ယက်ခံရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးမှ သိရသည်။
ထိုသို့ စက်ဘီးစီးပြန်လာစဉ် မြို့ဦးစေတီအနီးသို့အရောက် မျက်နှာချင်းဆိုင် မှ လျှောက်လာသည့် လူငယ်သုံးဦးအနက် တစ်ဦးက ကိုဝင်းထွဋ်ဦး၏ခါးတွင် ဝတ်ဆင်ထားသည့် ပိုက်ဆံထည့်ထား သော ခါးပတ်အိတ်ကို လုယူရာမှ စက် ဘီးလဲသွားစဉ် ဓားဟုယူဆရသည့် ချွန်ထက်သောအရာဖြင့် ထောက်ကာ ပိုက်ဆံတောင်းခဲ့ ခြင်းဖြစ်ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ထိုသို့ ပိုက်ဆံတောင်းနေ စဉ် ကိုဝင်းထွဋ်ဦး၏ သူငယ်ချင်း ရောက်ရှိသဖြင့် လူငယ်သုံးဦးသည် မြို့ဦးစေတီဘုရားဝင်းအတွင်းသို့ ဝင်ရောက်ထွက်ပြေး ခဲ့ ကြောင်း၊ လူငယ်သုံးဦး ပြေးသွားသည့်နောက်သို့ လိုက်လံဖမ်းဆီးရာ အသက် (၁၇)နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းမိခဲ့ကြောင်း ၎င်းကရှင်းပြသည်။
ဓားထောက်လုယက်ခဲ့သည့် လူငယ်သုံးဦးအနက် ဖမ်းမိသည့် အသက် (၁၇)နှစ်အရွယ် ပြည့်စုံ ဆိုသူမှာ တောင်ဒဂုံမြို့နယ် (၂၆) ရပ်ကွက် နေထိုင် သူဖြစ်ပြီးလွတ်မြောက်နေသည့် နှစ်ဦးမှာ တောင်ဒဂုံနှင့် မြောက်ဒဂုံတွင် နေ
ထိုင်သည့် (၁၉)နှစ်အရွယ် လှိုင်ဝင်းထွန်းနှင့် (၁၆)နှစ်အရွယ်လူငယ်တစ်ဦး တို့ဖြစ်ကြောင်းဒဂုံမြို့သစ်မြောက်ပိုင်းရဲစခန်းမှ သိရသည်။
ထွက်ပြေးသွားသည့် အသက် (၁၉)နှစ်အရွယ်လူငယ်နှင့်အသက်(၁၆)နှစ် အရွယ် လူငယ်တို့ကို အမှုဖွင့်ပြီး လေးနာရီအတွင်း တောင်ဒဂုံမြို့နယ်၌ ဖမ်းမိခဲ့ကြောင်းရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။
Credit>>>7 Day
