၂၀၁၇-တွင် ကမ္ဘာပျက်ကိန်း မုချကြုံလိမ့်မည်ဟု ဟောကိန်းထွက်ပေါ်လာခဲ့
ခရစ္စယာန်ရှေ့ဖြစ်ဟောဆရာအဖွဲ့တစ်ခုက 2017 ခုနှစ်မှာ ကမ္ဘာကြီးအနေနဲ့ လုံးဝဥဿုံ ပျက်စီးကိန်း ကြုံရလိမ့်မယ်လို့ အခိုင်အမာ ဟောကိန်းထုတ်လိုက်ပါတယ်။ ဒီဟောကိန်းဟာ ၎င်းတို့ရဲ့ အာဘော်မဟုတ်ဘဲ ရှေးယခင်က ကျန်ရှိခဲ့တဲ့ ကျမ်းစာကို ကိုးကားပြီး ပြောခြင်းဖြစ်ကြောင်းလည်း ၎င်းအဖွဲ့က ဆိုပါတယ်။

2017 ခုနှစ်မှာ ကမ္ဘာကြီးတစ်ခုလုံး နေကျက်ခြင်းနဲ့ ကြုံတွေ့ရမည်ဖြစ်ပြီး အဲဒီနောက် မကြာခင်မှာ ကမ္ဘာကြီး ပျက်စီးမှာလို့ ၎င်းအဖွဲ့ ဆိုခဲ့ပါတယ်။ ဘယ်အကြောင်းကြောင့် ကမ္ဘာကြီး ပျက်စီးမည်ဆိုတာကိုတော့ သူတို့အနေနဲ့လည်း တိတိကျကျ
မပြောနို်င်ကြောင်း ဆိုပါတယ်။

ထိုဟောကိန်းကိုလည်း အမည်ဖော်ပြထားခြင်းမရှိတဲ့ ခရစ္စယာန်ဘာသာရေး ၀က်ဆိုဒ်တစ်ခုမှာ ထုတ်ပြန်ခဲ့တယ်လို့ ဗြိတိန်
အထင်ကရ သတင်းစာ the sun က ဖော်ပြထားပါတယ်။ နေကျက်ခြင်းဟာ 2017 ခုနှစ် သြဂုတ်လ 21 ရက်နေ့မှ အမေရိကတိုက်မှာ စတင် သက်ရောက်မှာပြီဖြစ်ပြီး ဥရောပနဲ့ အခြားတိုက်ကြီးတွေကိုလည်း ချက်ချင်း ပျံ့နှံ့ကာ သက်ရောက်စေမှာလို့ Book of Revelation လို့ အမည်ရတဲ့ ကမ္ဘာပျက်ကျမ်းမှာ ဖော်ပြထားကြောင်း ၎င်းအဖွဲ့က ဆိုခဲ့ပါတယ်။

အဆိုပါ ကျမ်းစာထဲမှာ ပါဝင်တဲ့ နိမိတ်ပုံမှာ အမျိုးသမီးတစ်ယောက်ဟာ နေရဲ့ဝတ်စုံကို ၀တ်ဆင်ထားပြီး၊ လကို ခြေ
ထောက်နဲ့ နင်းထားပါတယ်။ အဆိုပါ အမျိုးသမီးဟာ ဦးခေါင်းခုနှစ်လုံးပါသော စေတန်ဖန်ဆင်းထားတဲ့ နဂါးကြီးရဲ့ လိုက်လံ တိုက်ခိုက်မှုကို ခံရမှာဖြစ်ပြီး အဲဒီနဂါးကြီးဟာ ဗိုက်ထဲကကလေးကို မမွေးဖွားမီမှာ စားဖို့ ကြိုးစားနေတာလို့ ဆိုပါ
တယ်။

ကျမ်းစာထဲမှာ အမျိုးသမီးဟာ ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ ကလေးမွေးဖွားမှာဖြစ်ပြီး၊ နတ်သား နတ်သမီးတွေ အမြောက်အများပါဝင်တဲ့ တပ်ကြီးနဲ့ နဂါးကြီးရဲ့ တိုက်ပွဲဒဏ်ကို စကြာဝဠာအတွင်းရှိ သက်ရှိသတ္တ၀ါတွေ ခံစားရမှာ ဖြစ်
တယ်လို့ ဆိုပါတယ်။ အဆိုပါ ကျမ်းစာထဲမှာ အစ္စရေးကိုလည်း ပြည်နယ်တစ်ခုအဖြစ် ဖော်ပြထားပြီး 1947 ခုနှစ်မှာ က
မ္ဘာမြေပေါ်မှာ ပေါ်ပေါက်လာလိမ့်မယ်လို့ ဟောခဲ့ပါတယ်။
အမှန်ကတယ်လည်း အစ္စရေးဟာ 1947 နိုဝင်ဘာလ 29 ရက်နေ့မှာ the United Nations General Assembly ကနေ
ဗြိတိသျှအုပ်ချုပ်ခွင့်အောက်မှ ကင်းလွတ်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့သလို၊ 1948 မေလ (14)ရက်မှာ လွတ်
လပ်သောနိုင်ငံအဖြစ် ရပ်တည်နိုင်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အစ္စလာမ်ပညာရှိ Rabbi Judah Ben Samuel ကလည်း 2017 ခုနှစ်မှာ ကမ္ဘာပျက်လိမ့်မည်ဟု ဟောပြောခဲ့ဖူး
ကြောင်း၊ အဆိုပါ ဟောပြောချက်နှစ်ခုကို တိုက်ဆိုင်ကြည့်ပါက 2017 မှာ ကမ္ဘာပျက်မည်ဆိုတာ ဖြစ်နိုင်ကြောင်း သုံး
သပ်သူ အချို့က ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းရဲ့အောက်မှာတော့ အပြောင်အပျက်သဘောနဲ့ ၀င်ရောက် မန့်သူ
တွေရှိခဲ့ပြီး တစ်ယောက်သောသူကတော့ “ကိစ္စမရှိပါဘူး … Bruce Wilis က ကယ်မှာပါ”လို့ ရေးခဲ့ပါတယ်။
အခြားတစ်ယောက်ကလည်း ” အို လာစမ်းပါ … ဘယ်အချိန်လဲ … အရင်က ပြီးခဲ့တဲ့နှစ်လတုန်းက ကမ္ဘာပျက်မယ်ဆို
ပြီး ဒီကောင်တွေ ပြောခဲ့တာ … အခု နောက်နှစ်တဲ့ … ဒီကောင်တွေက ဗလောင်းဗလဲနဲ့”လို့ ဝေဖန်ခဲ့ပါတယ်။ အခြားဝေ
ဖန်သူတွေ ဆဲဆိုသူတွေလည်း အမြောက်အများရှိခဲ့ပါတယ်။
လင်းဇော်ကို (Shwemom)
source : thesun.co.uk
Source & Photos : Shwemom
