မန္တလေးမြို့၌ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရ

မန္တလေး၊ စက်တင်ဘာ ၆

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ နေအိမ်တစ်ခု၌ ယနေ့(စက်တင်ဘာ ၆ ရက်) နံနက်ပိုင်းက အမျိုးသမီးတစ်ဦးတည်းရှိနေစဉ် အမျိုးသားနှစ်ဦးက ဓားဖြင့်ဝင်ခုတ်ကာ ရွှေနှင့် ငွေများကို လုယူခဲ့ကြောင်း အောင်မြေသာစံမြို့နယ် အမှတ်(၄)နယ်မြေရဲစခန်း၏ ကနဦးသတင်းထုတ်ပြန်ချက်အရ သိရသည်။

လုယက်ခံရသူမိသားစု၏ လုပ်ငန်းခွင်တွင် ယခင်က ၁၄ ရက်ခန့်အလုပ်လုပ်ခဲ့ဖူးသည့် အမျိုးသားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးတို့က နေအိမ်အတွင်းဝင်ရောက်ကာ ဓားဖြင့်ထိုးနှက်ကာ ရွှေဆွဲကြိုး၊ ဆွဲသီးနှင့် ငွေတို့ကို လုယူသွားခဲ့ကြခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။


ဓားဖြင့်အခုတ်ခံခဲ့ရသည့် အမျိုးသမီးမှာ ရင်ဘတ်၊ ဝဲဘက် နံကြား၊ လက်မောင်းတို့တွင် ပြက်ရှဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့တင်ပို့ ကုသထားကြောင်း The Voice သတင်းထောက်က သတင်းပေးပို့သည်။

Source & Photos : The Voice
Powered by Blogger.