ဆယ်ဘီးကားနှင့် ဒိုင်နာယာဉ် အိုးဘိုတောင်တံတားတွင် တိုက်မိကြ


ကိုတိုးကြီး

မုံရွာ၊ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အလုံရပ်ကွက်နှင့် အိုးဘိုတောင်ရပ်ကွက်အကြား မုံရွာ - ရေဦး ကားလမ်းမကြီးပေါ်ရှိ အိုးဘိုတောင်တံတားအနီးတွင် စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်က ဒိုင်နာယာဉ်နှင့် ဆယ်ဘီးကားယာဉ် တစ်စီးမှာ မျက်နှာချင်းဆိုင် တိုက်မိသော ယာဉ်တိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာသို့ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ မုံရွာဒုတပ်ဖွဲ့ရုံးမှ အချိန်မီသွားရောက်၍ ထိခိုက်ဒဏ်ရာရ လူနာများကို မုံရွာပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခြင်းဖြင့် ၀န်ဆောင်မှုများ လုပ်ကိုင်ပေးခဲ့ကြောင်း တာဝန်မှူး ယာဉ်ထိန်းရဲအရာရှိတစ်ဦးကပြောသည်။


ကိုတိုးကြီး


#MyMedia

Powered by Blogger.