ဆီဆိုင်မြို့တွင် သားဖြစ်သူမှ မိဘ နှစ်ပါးစလုံးအား ပုဆိန်ဖြင့် ခုတ်သတ်မှု ဖြစ်ပွား


+___+____+___+____+____+___+__+___+____+___+___+___+___


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ဘုရားဖြူ

ရွာမှာဒီနေ့(6-9-2016) ရက်နေ့ညနေ (3:30)နာရီ

ခန့်ကဆီဆိုင်မြို့နယ် ဘုရားဖြူရွာမှာ သားအရင်းဖြစ်သူ

က အသက် (၅၀)ခန့်အရွယ်ရှိ ဖခင်နှင့်မိခင်နှစ်ဦးစလုံး

အား ရက်စက်စွာ ပုဆိန်ဖြင့် ခုတ်သတ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ်။

အမေဖြစ်သူဒေါ်နန်းခင် မှာနေရာမှာတင်ပွဲချင်းပီးသေဆုံးသွားခဲ့ပြီးဖခင်ဖြစိသူ ဦးဝိမလထွန်းမှာဆေးရုံသို့ရောက်ရှိပြီးမှသေဆုံးသွားခဲ့ပါတယ်။  နှစ်ဦးလုံးမှာ ပုဆိန်ဖြင့်ခုတ်ခဲ့သောကြောင့်ဦးခေါင်းခွန်များကွဲအက်ပြီး သေဆုံးသွားခဲ့ကြရပါတယ်။မိခင်နှင့်ဖခင်နှစ်ဦးစလုံးကို သတ်ဖြတ်ခဲ့သော အမင်းခေါ်မောင်မင်းကိုဆီဆိုင်မြို့မ ရဲစခန်း စခန်းမှူးနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များက ချက်ချင်း သွားရောက်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ လေးလောင်းပြိုင်၊သုံးလောင်းပြိုင်ခေတ်စားနေချိန်မှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီဆိုင်မြို့ကလဲ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တာပါ။

Credit San Win

Via >>• Lwin Oo ♤♤♤

Powered by Blogger.