ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာ များမပေးခဲ့သည့်ဖြစ်စဉ်မှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူ(၁)ဦးအား ထပ်မံဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၂၃
ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား
ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတား
မြို့ရဲစခန်း(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ
ပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသောအမှုမှ ပြစ်မှု
ကျူးလွန်သူ ရာဇာထွန်း၊ (၂၅)နှစ်အား ၁၃၂၀ အချိန်တွင် ထပ်မံဖမ်းဆီး
ရမိခဲ့သဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။
Ref: Yangon Police
