မိခင်နဲ့ မြန်မာသံရုံးကို လွမ်းနေကြတဲ့ ၀င်းနဲ့ဇော်

yvuN6.jpg--------------------------------------
စူဆန် ရဲ့ ဖေ့ဘုတ်ပေါ်မှာ ပို့စ်တင်ထားတာ မြင်တော့
ပြန်ရှယ်သင့်တယ်လို့ ထင်လို့ ပြန်ရှယ်ပါတယ်။
စာ ၂မျက်နာ ရှိပေမယ့် နောက်တမျက်နာက 
သူ စိတ်ဓာတ်ကျတယ်ဆိုတဲ့
စကားလုံးပါတဲ့အတွက် ထိုင်းရဲတွေကစားကွက် 
ရသွားတာမျိုးမဖြစ်လိုသောကြောင့်
ကျနော် ဒုတိယ စာမျက်နာကို မထည့်တော့ပါ။

ဇော်လင်းရဲ့စာထဲက အဓိက အကြောင်းအရာတွေကတော့
မိခင်ကြီးရဲ့ သတင်းကို မကြားရတော့တဲ့အတွက် 
အရမ်းဝမ်းနည်းရပါတယ်။ညညလည်း ငိုမိပါတယ်။
သံရုံးဟာ ဘန်ကောက်မှာ ရှိနေရက်နဲ့ ဘာလို့ 
သူတို့ကို လာမကြည့်ကြသလဲ။ 
သူတို့ ဘာကြောင့် မလာတာလဲ အမစူဆန်သိလား။
ဘာသတင်းမှလည်း မသိရတော့ဘူး။
ကျနော့်အတွက်ပဲ ပြောတာမဟုတ်ပါဘူး။ ထောင်ထဲက မြန်မာတွေ
အတွက်လည်း ပြောတာဖြစ်ပါတယ်။
(နောက်စာတမျက်နာမှာတော့) 
ကျနော်တို့ ဘာအပြစ်မှ မလုပ်ပဲ နဲ့ဘာလို့ ထောင်ထဲမှာ ၂ နှစ် နေနေရတာလဲ။
စသဖြင့်ရေးထားပါတယ်။

သူ့ စိတ်ထင်မှာ သံရုံးက လုံးဝ မလာတော့တဲ့အတွက်
သူတို့တွက် မျှော်လင့်ချက်မရှိတော့ဘူးလို့ 
သူတို့မြင်နေပုံရပြီး
အမှု နဲ့ ပက်သက်တဲ့ အကျိုးအကြောင်းကိုလည်း
သံရုံးကရှင်းပြချက်နဲ့ စိတ်ချသေချာချင်ကြပုံလည်း ရပါတယ်။
ဒါကြောင့် သူတို့ ၂ ယောက်ကို ဗွေမယူကြဘို့လည်း ကြားထဲက 
တောင်းပန်လိုပါတယ်။ yvS3i.jpgဒီလိပ်ကျွန်းအမှု မှာကျနော်တို့ စိတ်ပျက်စရာတွေ 
အများကြီး ကြုံ တွေ့မယ့်လည်း
ဝင်းနဲ့ဇော်ကို တော့ ဘယ်တော့မှ ပစ်မထားပါဘူး။ 
တာဝန်ရှိပြည်သူတယောက် အမြဲတမ်းအမှု 
အခြေနေလည်းစောင့်ကြည့်နေပါတယ်။
လောလောဆယ်ဝင်းနဲ့ဇော်တို့ ၂ ဦး နေကောင်းကျမ်းမာပြီး
အယူခံကို စောင့်နေကြကြောင်း အားလုံးကို ပြောပြလိုပါတယ်။

Credit CSI MM
Powered by Blogger.