စုစုပေါင်း ကျပ် ၁၀၂၅ သိန်း လိမ်လည်မှု နဲ့ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ မေသန်းနုရဲ့ ဖြေရှင်းချက်

ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးတစ်ဦးက မေသန်းနုကို အမှုဖွင့်ရန်ကြိုးပမ်း
==============================================================================
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မေသန်းနုကို ငွေကြေးလိမ်လည်တယ်ဆိုပြီး အမျိုးသမီးတစ်ဦးက ရန်ကင်းရဲစခန်းမှာ တိုင်ကြားထားတယ်လို့ သိရပါတယ်။ တိုင်ကြားထားသူ အမျိုးသမီးဟာ မစန်းစန်းမြင့်ဆိုသူဖြစ်ပြီး ငွေကျပ်သိန်း ၄၀၀ အပါအ၀င် စုစုပေါင်း ကျပ် ၁၀၂၅ သိန်းရဖို့ရှိတယ်လို့ သူကပြောပါတယ်။ အဲဒီငွေကြေးတွေကို သူ့အနေနဲ့ ချက်ချင်းရယူလိုပြီး မရရှိရင် သူ့အနေနဲ့ လုပ်ဆောင်နိုင်သမျှကို ဆက်လက်လုပ်ဆောင်မယ်လို့ မစန်းစန်းမြင့်ကပြောပါတယ်။ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ မေသန်းနုကတော့ ငွေကြေးလိမ်လည်တဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်လို့ သူ့အနေနဲ့လုံးဝမသိခဲ့ဘဲ ဂျာနယ်ထဲပါမှသာသိခဲ့ရကြောင်း ပြောပါတယ်။ "ဒီကိစ္စနဲ့ပတ်သက်ရင် အန်တီဆင့်အနေနဲ့ဘာမှမသိခဲ့ရဘူး။ ဂျာနယ်ထဲ ပါလာတယ်ဆိုတာ သူများပြောမှသိခဲ့ရတယ်။ ဒီကိစ္စနဲ့ပတ်သက်ရင်တော့ ဘာမှတိတိကျကျမဖြေပေးနိုင်သေးဘူး။ မနက်ဖြန်မှ ဘာက ဘယ်လိုဖြစ်တယ်ဆိုတာသိရမှာပါ။" လို့ အကယ်ဒမီမေသန်းနု ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မစန်းစန်းမြင့်တိုင်ကြားထားတဲ့ ရန်ကင်းရဲစခန်း စခန်းမှူး ရဲအုပ်မျိုးကိုကိုကတော့ ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပြစ်မှုနံပါတ် မထွက်သေးသလို အမှုဖွင့်တယ်လို့လည်း သတ်မှတ်ပြောဆိုလို့မရသေးကြောင်း 5plus ကိုပြောပါတယ်။



ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးတစ်ဦးက မေသန်းနုကို အမှုဖွင့်ရန်ကြိုးပမ်း...

Posted by 5 Plus News on Friday, September 9, 2016
Powered by Blogger.