ဈေးပွဲတော်ရှိတဲ့ ပြည်နယ်ခမ်းမထဲ ဝင်ခိုးတဲ့ သူခိုး

----------------

3.10.2016 ည သန်းခေါင်ယံအချိန်ခန့်က မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် ပြည်နယ်ခမ်းမ အတွင်းသို့ သူခိုးတစ်ဦး ဝင်ရောက် ခိုးယူသဖြင့် လုံခြုံရေး ယူထားသော အမှတ် (၁၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တပ်ဖွဲ့ဝင် များမှ ဖမ်းဆီးရမိခဲ့ပြီး မြို့မရဲစခန်း သို့ လွှဲပြောင်းအပ်နှံ ပေးခဲ့သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသည်။ 


အဆိုပါ ပြည်နယ်ခမ်းမဝင်းအတွင်း ဈေးပွဲတော် ကျင်းပပြုလုပ်မည် ဖြစ်သည့်အတွက် ဈေးရောင်းချမည့် ဆိုင်ခန်းများ နှင့် ဆိုင်ရှင်များ လာရောက် ဆောက်လုပ်ပြီး နေနေကြသဖြင့် ခမ်းမဝင်းအတွင်း ဆိုင်ခန်းများနှင့် ပြည့်နေချိန် ဖြစ်ပါသည်။ သူခိုးဖြစ်သူ မှာလည်း ခမ်းမဝင်းအတွင်း ကျော်၍ ခိုးဝင်လာပြီး အတွင်း၌ လှမ်းထားသော အဝတ်အစားများ အား ခိုးယူ၍ ထွက်ပြေးစဉ် လုံခြုံရေးယူထားသော ရတဖ (၁၅) မှ တပ်ဖွဲ့ဝင်များ တွေ့ရှိပြီး လိုက်လံဖမ်းဆီးစဉ် သူခိုးမှ ထွက်ပြေးရာ မိုးရွာထားသဖြင့် ခြေချော်ကျပြီး ပလက်ဖောင်းနှင့် စောင့်မိ၍ ဦးခေါင်းနောက်စေ့ကွဲ ဒဏ်ရာ ရရှိခဲ့ပါသည်။ 


ရတဖ (၁၅)မှ ရဲတပ်ဖွဲ့ဝင်များလည်း တရားခံသူခိုးအား ဖမ်းဆီးပြီး အပိုင်စခန်းဖြစ်သော မြို့မရဲစခန်းသို့ လွှဲပြောင်းပေးရန် ဆက်သွယ် အကြောင်းကြားခဲ့ရာ မြို့မစခန်းမှ ဒုစခန်းမှုးနှင့် အဖွဲ့မှ ရောက်ရှိလာပြီး လွှဲပြောင်း ယူစဉ် တရားခံမှာ ဦးခေါင်းဒဏ်ရာ ရရှိထားပြီး ဆေးရုံပို့ရန် လိုအပ်သဖြင့် မော်လမြိုင် လူမှု့ကယ်ဆယ်ရေး Rescue အဖွဲ့သို့ ဖုန်းဖြင့် ဆက်သွယ်ပြီး အကူအညီ တောင်းခံလာ၍ မော်လမြိုင် Rescue အဖွဲ့နှင့် အတူ ရန်ကုန်မြို့မှ မော်လမြိုင်သို့ လူနာပို့ ရောက်ရှိနေသော လင်းလက် Rescue အဖွဲ့တို့မှ သွားရောက်ခဲ့ပြီး ဒဏ်ရာရ လူနာအား ဧည့်သည်တော် လင်းလက် လူမှု့ကယ်ဆယ်ရေး Rescue အဖွဲ့ဝင်များမှ အရေးပေါ် ပြုစုကုသမှု့များ ဆောင်ရွက်ပေးခဲ့ပြီး မြို့မရဲစခန်း တပ်ဖွဲ့ဝင်များနှင့်အတူ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ပါသည်။ 

Zin Moe (ဟန်ကို)

Powered by Blogger.