ရထားပေါ်သို့ တက်လာကြပြီး တကယ်အရေးကြီးတာများကို ပြောပြခဲ့ကြ​သော ကိုယ်​ဝန်​ဆောင်​ အမျိုးသားများ

တရုတ်ပြည်နယ် စီချွမ်ပြည်နယ်မှ ရထားဘူတာရုံတစ်ခုမှာ ကိုယ်ဝန်နဲ့အမျိုးသားတစ်စုဟာ ရထားပေါ်တက်လာခဲ့ပြီး တကယ်အရေးကြီးတဲ့အရာတစ်ခုကို ဖြန့်ဝေပေးခဲ့ပါတယ်။

နေ့စဉ်အလုပ်သွားသူတွေ၊ နိစ္စဒူဝအလုပ်လုပ်သူတွေနဲ့ အမြဲပြည့်နေတဲ့ စီချွမ်မြို့တော်က ရထားတွဲတိုင်းမှာ ထိုငိစရာနေရာတောင် ကောင်းကောင်းမရပါဘူး။ လူတိုင်းဟာ အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် ရထားစီးတဲ့အချိန် ရတဲ့ ထိုင်စရာနေရာတစ်နေရာကိုတောင် မပေးချင်တတ်ကြပါဘူး။

ဒါကို ပြုပြင်ပေးချင်တဲ့ အမျိုးသားတစ်စုဟာ ကိုယ်ဝန်အတုတွေဝတ်ဆင်ပြီး ရထားပေါ်တက်လာကာ လူအများကြားထဲဝင်ပြီး ထိုင်စရာနေရာတောင်းဆိုကာ ဝင်ထိုင်ခဲ့ကြပါတယ်။


သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ကိုယ်ဝန်သည်အမျိုးသမီးတွေကို ဦးစားပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တဲ့ အမျိုးသားလေးဦးလုံးဟာ ဖခင်တွေဖြစ်ပြီး၊ အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေးနေရာမှာ ကိုယ်ဝန်သည်တွေကိုဦးစားပေးဖို့၊ ကိုယ်ချင်းစာစိတ်ရှိဖို့အတွက် လုပ်ဆောင်ခဲ့တာပါ။ 

ဝတ်ထားတဲ့ တီရှပ်အပေါ်မှာလဲ သတိပေးစာရိုက်ထားပြီး ရထားပေါ်က အမယချို့လူတွေက သဘောကျပြီး ဓာတ်ပုံရိုက် အားပေးခဲ့သလို၊ အချို့လူတွေကလဲ မျက်မှောင်ကြုတ်ပြီး ကြည့်နေခဲ့ကြပါတယ်။

Source : nextshark

Translated by Alexa

Powered by Blogger.