မောင်တောရှိ ဒေသခံမွတ်စလင်များ၏ အကူအညီဖြင့် RSO အဖွဲ့  က တိုက်ခိုက်မှုများကို စီစဉ်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် အကြမ်းဖက်သမားနှစ်ဦးဝန်ခံ

------ ------ ------ ------- -------- -------- ----------

မောင်တောမြို့ရှိ ဒေသခံများ၏ အကူအညီဖြင့် တိုက်ခိုက်မှုများကို သုံးလကျော်ကြာအချိန်ယူ၍ စီစဉ်ခဲ့ ကြောင်း လက်ရဖမ်းဆီးမိသူနှစ်ဦးတို့က ၀န်ခံကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် နောက်ထပ် လူ ၂၄၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက The Irrawaddy သတင်းဌာနသို့ ပြောကြားသည်။ တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ဒေသခံမွတ်စလင်များသည် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နှင့်အဆက်အသွယ်များရှိကြသည်ကို ရဲတပ်ဖွဲ့အစီရင်ခံစာတရပ်အရ သိရှိရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်က ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောခရိုင်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ရဲကင်းသုံးခုကို အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်ကိုးဦးကျဆုံးပြီး ငါးဦးကျော်ဒဏ်ရာရကြောင်း၊ အကြမ်းဖက်တိုက်ခိုက်သူ ရှစ်ဦးသေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ရဲချုပ်ဇော်ဝင်းက အောက်တိုဘာ ၁၀ ရက်တွင် ရှင်းလင်းပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Tekna ဒေသရှိ နယ်ခြားစောင့်တပ်ဖွဲ့ (BGB) တပ်မှူးဇာဟစ်က ဘင်္ဂလားဒေ့ရှ်ဘက်မှ လူ များ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ပြီး အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြောင်း ၄င်း၏ တပ်ဖွဲ့များတွင် သက်သေအထောက်အထားမရှိဟုပြောကြားသည်။

အာရ်အက်စ်အို အဖွဲ့ဝင်များအပါအ၀င် အကြမ်းဖက်အုပ်စုတစုသည် နယ်စပ်တလျှောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အများအပြားကို သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရှိ ဒေသဆိုင်ရာအာဏာပိုင်များမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့အရာရှိများအား အသိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ အေဇစ်အာမက်က ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အာရ်အက်စ်အို ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ အခြားအစွန်းရောက်အုပ်စုများ မရှိကြောင်း ရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်” ဟုအေဇစ်အာမက်က Benar သတင်းဌာနသို့ ပြောကြားသည်။ ဆက် လက်ပြီး ၄င်းက ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့သည် ယခင်ကလည်း ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်း၌ ဖမ်းမိသည့် သံသယရှိရသော မြန်မာသူပုန်များကို မြန်မာအာဏာပိုင်များလက်သို့ လွှဲပြောင်းပေးခဲ့သည်ဟု ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဟာ အကြမ်းဖက်သမားတွေ ၀င်လာမည်ကို ဟန့်တားဖို့ နယ်စပ်ဧရိယာများတွင် လုံခြုံရေးတိုးမြှင့်ထားပါတယ်” ဟု BGB ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်အေဇစ်အာမက်က ပြောသည်။

ဆက်လက်ပြီး ၄င်းက “မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ကျွန်တော်တို့ကို အကြောင်းမကြားခင်မှာပဲ ဥပဒေဆန့် ကျင်သူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ၀င်ရောက်မလာဖို့ နယ်စပ်တလျှောက် ကျွန်တော်တို့ တပ်ဖွဲ့များကို ဖြန့်ချ ထားပါတယ်” ဟု Benar News သို့ ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသည့် အရာရှိကြီးတဦးကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှလူတဦးတယောက်ကမျှ မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီး 
တိုက်ခိုက်မှုတွင် ပါဝင်ပတ် သက်မည်မဟုတ်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
Ref; (Benar News)
(S.M)

News Watch
Powered by Blogger.