ဥပဒေကြောင်းအရ ဆက်လုပ်သွားမယ့် လူမင်း

ဦးမျိုးမင်းဘက်က နို့တစ်စာနဲ့ ပတ်သက်ပြီး တစ်ပတ်ပြည့်တာတောင် အကြောင်းပြန်စာ ပြန်မရသေးဘူးလို့ သိရပါတယ်။
ဂျာနယ်တစ်စောင်တွင် ဦးမျိုးမင်း မှ ဥက္ကဋ္ဌ ဦးလူမင်းနဲ့ ပတ်သက်ပြီး ဖြေဆိုထားတဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ လူမင်းမှ ဦးမျိုးမင်းထံ နို့တစ်စာ ပို့ထားပါတယ်။
‘‘ဘာလို့ နို့တစ်စာပို့ပြီး ဒီလို လုပ်ဖို့ ဆုံးဖြတ်ခဲ့ရလဲဆိုတော့ ဒီ တစ်ခါ ဂျာနယ်စာမျက်နှာထက် ပါဝင်တဲ့ ပြောဆိုရေးသားမှုက တကယ့်ကိုပဲ ဥက္ကဋ္ဌတစ်ယောက် ရဲ့ သိက္ခာရော၊ ဥက္ကဋ္ဌဆိုတာ ရုပ် ရှင်အစည်းအရုံးကြီးရဲ့ ဥက္ကဋ္ဌဆို တော့ ရုပ်ရှင်အစည်း အရုံးကြီးကို ထိပါးတာလို့ပဲ အားလုံးက ခံယူ တဲ့အတွက် ဒီလိုကိစ္စသည်လည်း ဥပဒေကြောင်းအရ ဖြေရှင်းဖို့ကို ကိုယ်တို့အစည်းအဝေးဆုံးဖြတ် ချက်နဲ့ ဆုံးဖြတ်ပြီး နို့တစ်စာပို့ခဲ့ တာပါ’’ဟု ဒါရိုက်တာမောင်မျိုး မင်းထံ နို့တစ်စာပို့ထားတဲ့ အပေါ် လူမင်းက ပြောပါတယ်။

နို့တစ်စာမှာ သတ်မှတ်ထားတဲ့ ရက်သတ္တပတ်ကြာမြင့်ချိန် အထိ ဒါရိုက်တာ မောင်မျိုးမင်းက အကြောင်းပြန်ခြင်း မရှိတာကြောင့် လူမင်းမှ ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းဘက်ကလည်း တောင်းပန်ဖို့ အစီအစဉ်မရှိဘဲ ဥပဒေအရ ဆက်လက်ရင်ဆိုင်မယ်လို့ သတင်းစာတစ်စောင်မှာ ပြောထားပါတယ်။
Source : 7day Daily
Photo : ဦးမျိုးမင်းဖေ့စ်ဘွတ်၊ 7day Daily