မတရားစော်ကားခံရတဲ့၁၄နှစ်သမီးလေးနဲ့မွေးလာတဲ့ သူ့ကလေးလေးအတွက် လက်ကမ်းကူညီကြသူများ

မတရားစော်ကားခံရတဲ့၁၄နှစ်သမီးလေးနဲ့မွေးလာတဲ့

သူ့ကလေးလေးအတွက် လက်ကမ်းကူညီကြသူများ


ဒီကလေးမလေးက အသက်၁၄နှစ်ပဲရှိပါသေးတယ်။


လူယုတ်မာတစ်ဦးက မတော်မတရားကျင့်ကြံခဲ့တာ


ကြောင့် ငယ်ငယ်ရွှယ်ရွှယ်နဲ့ကိုယ်ဝန်ဆောင်ခဲ့ရပါတယ်။


ကျူးလွန်သူက ထောင်နန်းစံခဲ့ရသော်လဲ ကလေးမလေး


မှာ အရွှယ်နဲ့မမျှစိတ်ဒဏ်ရာကြီးစွာရရှိခဲ့ပါသည်။အိမ်က


ဆင်းရဲသောကြောင့် ကိုယ်ဝန်ကိုချို့ချို့ငဲ့ငဲ့နဲ့လွယ်ခဲ့ရရှာပါ


တယ်။ကျွန်တော်ကတွေ့တိုင်းမုန့်ဘိုးတစ်သောင်းပေး


လေ့ရှိရာ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်မုန့်ဘိုးပေးတဲ့


နေ့မှာပဲ ဗိုက်နာလာလို့ အဲ့ပိုက်ဆံတစ်သောင်းနဲ့ပဲ


ဆေးရုံမှာ ကလေးမွေးရရှာပါတယ်။မပြည့်မစုံနဲ့လွယ်ခဲ့ရ


သော ကိုယ်ဝန်ဖြစ်တာကြောင့် မွေးဖွားလာသော


ကလေးငယ်မှာပဲ အခုအခြေအနေမကောင်းပဲ အရေးပေါ်


အထူးကြပ်မတ်ခန်းမှာ ဆရာဝန်များအသက်လုနေရပါ


သည်။ ရန်ကုန်မြို့နေ မဇင်မာလွင်မှ လှုဒါန်းသော


တစ်သိန်းကျပ် တနေ့ကလှုပေးခဲ့ပါသည်။ဒီနေ့ကလေး


ငယ်ဆေးကုဖို့ရာ ထပ်မံလိုအပ်နေလို့တစ်သိန်းကျပ်


ထပ်မံလှုပေးခဲ့ပါသည်။အလှုရှင်ကတော့ ထိုင်းနိုင်ငံ


ရောက် မြန်မာသူငယ်ချင်းများဖြစ်ပါတယ်။အလှုရှင်များ


နှင့်ဆရာဝန်များကျေးဇူးကြောင့် ကလေးငယ်လေးမှာ


စိုးရိမ်ရတဲ့အနေအထားမှ စိတ်ချရတဲ့အခြေအနေရောက်


လာပါပြီ။မိုက်ရိုင်းယုတ်မာလွန်းတဲ့ သက်ငယ်မုဒိန်း


ကောင်များမှာ တဖြည်းဖြည်းနဲ့ပိုဆိုးလာပါပြီ အခုလဲ


ကျောင်းတစ်ကျောင်းက အသက်၅၀အရွှယ်ကျောင်းကား


မောင်းသူတစ်ယောက်က ၁၂နှစ်အရွှယ်ကျောင်းသူလေး


ကို အကြိမ်ကြိမ်စော်ကားပြန်ပါပြီ။သက်ငယ်မုဒိန်း


ကောင်များကို သေဒဏ်အပြစ်ဒဏ်ပေးဖို့လိုအပ်လာပါ


ပြီ။အမျိုးတွေသဘောတူယင် ကွန်မန့်မှာ #သေဒဏ် လို့


ကျေးဇူးပြုပြီး ဆန္ဒပြုပေးကြပါဦး။


ONETOONE ကလေးလူနာကူညီရေးအဖွဲ့


ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈


မောင်လူပျော် ဖုန်း ၀၉၄၀၂၅၇၇၁၄၃။


ကိုဝမ်း

Powered by Blogger.